"ကောင်းပါပြီ"

"ခုအဆင်သင့်ပြင်တော့"

"ဟုတ်ကဲ့။"

"ခနနေကြပါဦး...ဘာတွေဖြစ်ကုန်တာလဲ။
ကျွန်မတို့ကိုလည်းပြောပြပါဦး။"

"နေသစ်နဲ့ ဝဏ္ဏမင်း ဦးအောင်ခေတ်အိမ်ကို ကျွန်တော်‌တို့မသိအောင် ခိုးပြီးသွားတာ ဖြစ်မယ် မနုနု"

"ဒုက္ခပါပဲ။"

"စိတ်မပူပါနဲ့ ကျွန်တော်အခုလိုက်သွားမှာပါ။"

"သူရိန်မဟာ!"

ကိုသန်းတင်က ကိုယ့်နာမည်ကိုခေါ်လိုက်တာကြောင့် သူလှည့်ကြည့်လိုက်တယ်။

"ဂရုစိုက်။ ငါ့သားကိုလည်းဘာမှမထိခိုက်အောင်ခေါ်ခဲ့။ ငါ့သား နည်းနည်းလေးထိခိုက်တာနဲ့ မင်းနဲ့ကွာခိုင်းမှာ"

စိုးရိမ်ပုံ‌ပေါ်နေတဲ့ ဦးသူရိန်မျက်နှာ ပြုံးမိသွားတယ်။ ထိခိုက်တာနဲ့ ကွာခိုင်းမယ်ဆိုတာက မထိခိုက်ရင် ကွာစရာမလိုဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ မလား။

"စိတ်ချပါ။ သူ့ကိုမထိခိုက်စေရဘူး။"

________________

ကားတစ်စီးထဲမှာ ရှိနေတဲ့ လူနှစ်ယောက်ဟာ ကြီးမားတဲ့ အိမ်ကြီးရဲ့ ခြံဝင်းကို မှန်ဘီလူးကတဆင့် လှမ်းကြည့်နေကြတယ်။

"ဒီက ကျော်ဝင်မှ ရမယ်။"

"လူတွေ ဒီလောက်အများကြီး စောင့်နေတာ ဘယ်လို ဝင်ရမလဲ။"

"ကျော်ဝင်မယ်ဆိုတဲ့ စကား‌ကို ခင်များမကြားဘူးလား။"

"လူတွေအများကြီး စောင့်နေတာကို မင်းမမြင်ဘူးလား။"

"ကားတစ်စီးအဆုံးရှုံးခံလိုက်မယ်ဆိုရင်ရော။"

"အပြန်ကြ လေးဘက်ထောက်ပြန်ရမှာလား"

"ကျစ် ခင်များဗျာ ကန့်လန့်လိုက်ပြောနေတာပဲ။"

"ငါက ဖြစ်သင့်တာ‌ကိုပြောတာ"

သူတို့နှစ်ယောက် ဘယ်လိုအတူလာဖို့ဆုံးဖြတ်လိုက်မိမှန်းကို မသိတော့ဘူး။
ဒယ်ဒီက သွေးအေးလွန်းပေမယ့် သူကမနေနိုင်တော့လို့ မနက်အစောကြီး အိမ်ကနေ
ဒယ်ဒီမသိအောင် ခိုးထွက်ဖို့လုပ်ခဲ့တာ။ လွတ်ပြီဆိုပြီး ကားထဲဝင်ဖို့အလုပ် သူကပါ ကားနားရောက်နေတယ်လေ။ အဲ့တာနဲ့ စကားများကြရင်း ရည်ရွယ်ချက်ချင်းတူနေတာနဲ့ အတူလာဖို့ဆုံးဖြတ်ခဲ့ကြတာ။ ခုတော့မှားပြီထင်တယ်။

LOVE POISON { Season 1 }Onde histórias criam vida. Descubra agora