ဝမ်ချင်က

"ဘာဆိုင်လို့လဲ"

"ငါဝမ်ရိပေါ်ကိုတစ်ခါပြောဖူးတယ် မင်းဆီမှာဆိုရှောင်းကျန့်က ငိုရမှာပဲလို့ သူလည်းမြင်မှာပဲလေ သူ့အနားမှာဆို ရှောင်းကျန့်အမြဲငိုနေရတာကို ဒါတွေကိုကြည့်ပြီး ရှောင်းကျန့်ကိုပြောလိုက်တာလို့တော့ ငါထင်တယ် အဲ့လိုမှမဟုတ်ရင် သူဒီလိုရှောင်းကျန့်ကိုပြောစရာမှမလိုပဲလေ ဟုတ်တယ်မလား"

"အဲ့ဒါလည်းဟုတ်တော့ဟုတ်တယ် ဒါပေမယ့် အခုကအမှားပေါ် အမှားဆင့်တာပဲအဖက်တင်တယ်လေ ရှောင်းကျန့်လည်းငိုရ သူလည်းငိုရ တကယ်ပဲ ရိပေါ်ကဘာလုပ်ချင်တာလဲ ရှောင်းကျန့်ကို တကယ်ပဲစွန့်လွှတ်နိုင်တာလား စဉ်းစားလို့ကိုမရတော့ဘူး ဟူး.."

ရှောင်းကျန့်က

"သူစွန့်လွှတ်သွားတာမဟုတ်ပါဘူးဝမ်ချင် ကိုယ်ချင်းစာသွားတာ"

ရိုဟန်/ဝမ်ချင် - " ဘယ်လို?"

"ကိုယ်သိပ်ချစ်ရတဲ့သူကို ပျော်ရွှင်စေချင်ရုံ အမုန်းခံပြီး သူများလက်ထဲထည့်ပေးရတဲ့ခံစားချက် ကျွန်တော်သိပြီဝမ်ချင် ရိပေါ်ဘာဖြစ်ချင်လဲဆိုတာကို"

"အင်း ကျွန်မလည်းအတော်လေးသဘောပေါက်နေပြီ ဒါဆိုဘယ်လိုလုပ်ကြမလဲ အခုရိပေါ်က ဖုန်းလည်းဆက်လို့မရဘူး စာမေးပွဲလည်းလာမဖြေဘူးဆိုတော့ ကျွန်မတို့ဘယ်မှာသွားရှာကြမလဲ"

ရိုဟန်က

"သူ့အိမ်လိုက်သွားလိုက်မယ်လေ တစ်ခုခုတော့သိရမှာပေါ့"

"မဆိုးဘူး သွားမယ်လေ ရှောင်းကျန့်ရော ဘယ်လိုထင်လဲ"

"သွားမယ်လေ ဝမ်ချင်"

"ဟုတ်ပြီ လာ ဒါဆိုအခုသွားကြမယ်"

ဆိုကာ ရိုဟန့်ကားပေါ်သို့တက်ကြကာ ဝမ်အိမ်ဆီသို့မောင်းထွက်သွားကြသည်

...................................................................................

~တီးတောင်~

အိမ်ရှေ့မှဘဲလ်တီးသံကြောင့် ဝမ်မားထွက်ကြည့်တော့ ရှောင်းကျန့်ကိုတွေ့လိုက်တာမို့ တံခါးကိုအမြန်ဖွင့်ပေးလိုက်သည်

"သားလေး ရှောင်းကျန့် လာလာ အိမ်ထဲဝင်"

"ဟူတ်ကဲ့အန်တီ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now