"အေး လုပ်စမ်းပါကွာ"
ဖုန်းအကြိမ်ကြိမ်ခေါ်ပေမယ့် လုံးဝမကိုင်တာကြောင့် သပ်သပ်ညစ်နေမှန်းသိလိုက်တယ်။
"ဖုန်းမကိုင်ဘူး သပ်သပ်မဲ့ ငါတို့ကို စိတ်ပူအောင်လုပ်နေတာပဲ နေမှာ။"
"ကျွန်တော်စိတ်ပူနေပြီ ဒယ်ဒီရာ"
"ငါလည်းစိတ်အရမ်းပူနေပြီ"
"ငါတို့ စိတ်အေးအေးထားပြီး ဖြေရှင်းကြတာပေါ့"
အကုန်လုံးယောက်ယက်ခတ်နေတဲ့အချိန်မို့သာ သူနှစ်သိမ့်နေတာ သူကိုယ်တိုင်လည်း ရင်ထဲမှာ ပူလောင်နေတယ်။ သုတရဲ့ကိုယ်ဝန်က ခုမှ လနုနုလေးပဲရှိသေးတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်လွယ်တဲ့ အချိန်။အန္တရာယ် ဘယ်လောက်တောင်များလိုက်လဲ။ ဦး မင်းကို ခုအကြိမ်လည်းသေချာမကာကွယ်နိုင်ပါလား သုတရယ်။
_______________
ကျွီ...........
"ဟဲ့ထကြစမ်း!!!!"
သုတ အော်သံကြောင့်လန့်နိုးသွားတယ်။ သူဘယ်လို အိပ်ပျော်သွားမှန်းတောင်မသိတော့ဘူး။
"ရော့ မျို"
သေချာကြည့်လိုက်မှ ဟိုမိန်းမကြီးပဲ။သူချပေးလိုက်တဲ့ ဇလုံကို ကြည့်လိုက်တော့ ထမင်းဖြူအချို့သာ။
"အာ့....ဖယ်!!!!"
"ဟက်! ငါ့ကိုရိုက်တဲ့လက်လေ။ "
ထမင်းဇလုံကိုလှမ်းယူလိုက်ချိန် လက်ကို သူ့ဒေါက်ဖိနပ်ရဲ့ ဒေါက်နဲ့ တက်နင်းတာမို့ အရမ်းကိုနာတယ်။
"ဖယ်!!!"
"မာမီ!!!!ဖယ်"
Rue အသံကြားလို့ နိုးလာတဲ့အချိန် လှမ်းကြည့်ပေမယ့် သေချာမမြင်ရတာကြောင့် အနားတိုးလာချိန် ဝိုးတဝါးမြင်ရတာက မာမီက သုတရဲ့ လက်ကိုတက်နင်းထားတာထင်တယ်။ ချက်ချင်း အဲ့နားကို သွားပြီး မာမီ့ခြေထောက်ကိုအတင်းဆွဲထားလိုက်တယ်။
"ဟဲ့လွှတ်စမ်း အားးးးးးးးးးးနင် ဘာလုပ်တာလဲ လွှတ်စမ်း နင်ခွေးလား"
Rue ဘယ်လောက်ဆွဲဆွဲ ရွေ့တောင်မရွေ့တဲ့
မာမီကြောင့် သူမာမီ့ခြေထောက်ကိုသာ ကုန်းကိုက်လိုက်တယ်။
![](https://img.wattpad.com/cover/359320596-288-k709195.jpg)
Part 45
Start from the beginning