"ဂျပိုးကောင်လို့ ခေါ်တာလေ ဘာဖြစ်လဲ"

Daeyoung ရဲ့မျက်နှာက နီလာပြီး အနည်းငယ်အောက်ကျနေတဲ့ မျက်မှန်ကို ရှက်ကိုးရှက်ကန်းပင့်တင့်ကာ ဘေးနားက သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းဝိုင်းတွေကို ပြန်ကြည့်လိုက်မိတယ်။

"Kim Daeyoung Maeda Riku မင်းတို့နှစ်ယောက်လုံးအပြင်ထွက် "

အရှေ့ကသင်္ချာဆရာက သူတို့မျက်နှာချင်းဆိုင်စကားပြောနေတာကို တွေ့တာမို့ မြေဖြူနဲ့လှမ်းပေါက်ပြီး ဒေါသတကြီးအော်လိုက်တယ်။Rikuက ပုခုံးတစ်ချက်တွန့်ပြပြီး အခန်းထဲက ထွက်သွားတယ်။Daeyoungကတော့ တွက်လက်စ သင်္ချာစာအုပ် ကို ပိုက်ပြီး ထွက်လာခဲ့တယ်။

"အရာရှိသားဆိုတော့ လက်မြောက်စရာ ဘယ်လိုမလဲ"

အခန်းရှေ့က နံရံကို မှီပြီး Rikuက Daeyoung ဘက်ခေါင်းတစ်ချက်စောင်းကာ ပြောတယ်။Rikuဆိုတဲ့သူက မျက်နှာရော အသံရော ချစ်စရာကောင်းပါရဲ့နဲ့ အပြုအမူတစ်ခုချင်းစီတိုင်းက အမြင်ကတ်စရာ စကားတစ်ခွန်းချင်းစီတိုင်းက ဒေါသထွက်စရာ။

"မင်းကရော လက်မြောက်နေလို့လား"

Daeyoung က စိတ်ညစ်တဲ့အသံနဲ့Rikuစကားကို ပြန်မေးခွန်းထုတ်လိုက်တယ်။

Daeyoung က အရာရှိသားမို့ ကျောင်းအုပ်ကအစ ဘယ်ဆရာ ဆရာမ ကမှ Daeyoung ကိုဆို လက်ဖျားနဲ့မပြောနဲ့ ပါးစပ်နဲ့တောင် မအော်ခဲ့မငေါက်ခဲ့ကြဘူး။အင်း အခုသင်္ချာဆရာကတော့ ချွင်းချင်ပေါ့။ဆရာက မဟုတ်မခံလေးမို့ ‌ဘယ်သူဘယ်ဝါသား သမီးဆိုတာတွေ မကြည့်တာမို့ အခုလိုနှစ်ယောက်လုံး အပြင်ထွက် မက်တပ်ရပ်ရတဲ့အဖြစ်ရောက်လာခဲ့တာ။

Rikuက နံရံကို ခြေထောက်နဲ့ကန်ပြီး ခန္ဓာကိုယ်ကို မတ်မတ်မရပ်ဘဲ နံရံမှာ ပျော့တိပျော့ဖက်မှီနေတယ်။Daeyoungကတော့ ဘေးက Rikuတစ်ယောက်အသံတိတ်သွားလို့ တိတ်တိတ်လေး ကျေးဇူးတင်နေမိတယ်။မျက်မှန်ကို ပင့်တင်လိုက်တယ်။

"ဟော ဒါက ဘာအပြစ်လုပ်ထားလို့ အပြင်ထွက်မက်တပ်ရပ်ရပြန်တာလဲ Maeda Riku"

အခန်းရှေ့ ဖြတ်လျှောက်လာတဲ့ ကာယဆရာက Rikuခေါင်းကို သတင်းစာရွက်အလိပ်နဲ့ခေါက်ရင်း မေးလိုက်တယ်။

SILENCEWhere stories live. Discover now