"ဝမ်ရိပေါ်မင်းစကားတွေကငါ့‌စေတနာကို စော်ကားလွန်းနေပြီနော် "

"မှန်တာပြောတာကိုစော်ကားတာတဲ့လား "

"ဟင် sob *"

ညီအကိုနှစ်ယောက်ရဲ့ အငြင်းပွားရန်ပွဲတွင် ကြားဝင်လာသည့်သူမှာ အိမ်ထဲသို့ဖိနပ်ပင်မချွတ် ဝင်လာခဲ့သည် ယဉ်ကျေးမှုမရှိတာ အိမ်၏ကြီးကျပ်သူသာထိုင်သော ( ဖခင်ထိုင်ခုံ) ထိုင်ခုံတွင်ဝင်ထိုင်လို့ခြေချိတ်ကာစကားကိုဆက်သည်

"အံ့ဩသွားလား ဝမ်ရိပေါ်ကတော့အံ့ဩမယ်မထင်ဘူး ဟက် ဘယ်လိုလဲ ကျနော်သိပ်ကြည့်ကောင်းလာတယ်မလား ‌အားလုံးရဲ့အထက်မှာမို့ အရင်လိုပိုက်ဆံပေးပြီးချောင်းရိုက်ခိုင်းလို့မရတော့ဘူးနော် "

"ရှောင်ကျန့် မင်းကခွေးဘဝကနေ တော်‌တော်တောက်ပြောင်လာတာပဲ အောက်ခြေတောင်လွတ်နေပြီ "

"ဟက် ခွေးဘဝ  ~~~ ဟုတ်တာပေါ့ အခုလိုအနေထားနဲ့ အောက်ခြေမလွတ်ရင်ဘယ်လိုအနေထားနဲ့မှအောက်ခြေလွတ်ရမှာလဲ ကျုပ်အနေထားနဲ့ အောက်ခြေလွတ်လဲ ဘယ်ကောင်မှဆရာမလုပ်ရဲဘူးပြီးတော့  အခုအဲ့ခွေးဘဝကို ဝမ်မိသားစုရောက်နေပြီမဟုတ်လား  "

"ခွေးမသား မင်း"

ရန်စကားဝိုင်းဟာ ပို၍ပင်အရှိန်ပြင်းထန်လာသည် ကျိယန်နဲ့ ရှောင်ကျန့်တို့ဟာ မကျေနပ်ခြင်းများကိုအကြည့်နဲ့ရောအပြောနဲ့ပါတိုက်ခိုက်နေကြသည် ရိပေါနဲ့ဝမ်မားမှာဘေးကကြည့်နေရင်းပိုဆိုးလာတဲ့အခြေနေကြောင့်ဝင်‌တားဆီးရတော့သည်

"အခုရှောင်ကျန့် မင်းကဘာလိုချင်လို့အန်တီ့အိမ်ကိုလာရတာလဲ "

ဝမ်မားရဲ့စကားကြောင့် ကျိယန်ကိုကြည့်နေသောအကြည့်များမှာဝမ်မားဘက်သို့ရောက်ရှိလာပြီးအားရပါးရပြုံးပြကာ စကားဆိုသည်

"ကျုပ်လိုချင်တာမဟုတ်ဘူးသတိလာပေးတာ ရှေ့နေယန် ပြပေးလိုက်ပါ "

ရှောင်ကျန့်စကားကြောင့်အနောက်တွင်ရပ်နေသော ဝတ်စုံအပြည့်နဲ့သူက ထွက်လာပြီးစာပွဲပေါ်တွင်စာရွက်စာတမ်းတစ်ချို့ချကာ ပြပေးသည်

"ဒါက ဝမ်ကုမ္ပဏီကရှယ်ယာရှင်‌တွေနဲ့အထက်လူကြီးက ဒါရိုက်တာဝမ်ကိုဖြုတ်ချလိုက်တာပါ ပြီးတော့လက်ရှိ CEOက ဒီကရှောင်းရှောင်ကျန့်ပါ ကုမ္ပဏီပိုက်ဆံတွေကိုအပြည့်အဝပြန်မယူပေးနိုင်တဲ့ ဝမ်ကျိယန်ကို တရားစွဲထားပါသေးတယ် "

Promise Where stories live. Discover now