အပိုင်း(၃၁)

Start from the beginning
                                    

“ဘယ်လိုဖြစ်ရတာလဲ။ ညစာအနေနဲ့ ရှောင်လုံပေါင်း ရောင်းလည်း ပြဿနာ မရှိဘူးလေ”
ချစ်စဖွယ်ကောင်မလေးက မပျော်မရွှင် အမူအရာဖြင့် စကားပြောသည်။

“ဒါဆိုရင် ဒီကနေ့ညတော့ ရှောင်လုံပေါင်း မစားရတော့ဘူး ထင်တယ်။ သူဌေးယွမ်က အမြဲတမ်း စာအုပ်ကြီး။ ဒါဆိုရင်လည်း ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
ကောင်းစွာဝတ်စားထားသော အမျိုးသားက ချစ်စဖွယ်ကောင်မလေး ဘေးနားမှာ ထိုင်နေပြီး လက်လျှော့ဟန် ရယ်မောသည်။

“ကြက်ဥထမင်းကြော်”

တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် အော်ဒါတင်ကြသည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေသူ အများစုက ယောက်ျားသားများဖြစ်ပြီး ကျန် ၇ဦးက အသက်ကြီးကြီး အမျိုးသမီးများ ဖြစ်သည်။ သူတို့အားလုံးက ရင့်ကျက်သော မျက်နှာအမူအရာ ရှိနေ၍ ချစ်စဖွယ်ကောင်းသော အပြုအမူကို လုပ်ဆောင်ရန် မသင့်လျော်ပေ။ သို့တိုင် မိန်းမငယ်လေးက ချစ်စဖွယ် အပြုအမူကို လုပ်ဆောင်နိုင်သည်။ ယွမ်ကျိုးက ကောင်မလေး၏ တောင်းဆိုမှုကို လက်ခံလျှင်  လူတိုင်းက ရှောင်လုံပေါင်း အရသာကို မြည်းစမ်းခွင့်ရမည်။ ထို့ကြောင့်လည်း ကောင်မလေးက ယွမ်ကျိုးကို ဖျောင်းဖျနေသော မြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

“ဟုတ်ကဲ့ အော်ဒါတင်ထားတဲ့သူတွေက ခဏပဲစောင့်ပေးပါ” ယွမ်ကျိုးက သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ကြက်ဥထမင်းကြော် ပြင်ဆင်ရန် မီးဖိုချောင်းသို့ သွားသည်။

စားသောက်ဆိုက်၏ ပင်မခန်းမဆောင်ထဲတွင် စားသုံးသူ ဖောက်သည်များ ဆွေးနွေးပြောဆိုနေသည်။

“သူဌေးယွမ်မှာ ထူးချွန်တဲ့ ဟင်းချက်စွမ်းရည် ရှိတယ်လို့ ဘာကြောင့် ထင်တာလဲ”
ကြည့်ကောင်းသော ဆယ်ကျော်သက်လူငယ်က ခေါင်းစဥ် ရွေးချယ်ပေးပြီး ဟင်းပွဲ မရောက်ခင် စကားပြောသည်။

“သူဌေးယွမ်က သေချာပေါက် သာမန်လူ မဟုတ်ဘူး”
လူတိုင်းက တစ်ယောက်တစ်ခွန်း ပြန်မပြောခင် သူ့ကိုယ်သူ ပြောလိုက်သည်။

ချစ်စဖွယ်ကောင်မလေးက ကျက်သရေတင့်တယ်စွာဖြင့် မျက်လုံး ကလည်ကလည် လုပ်သည်။
“ပေါက်ပန်းလေးဆယ် မပြောနဲ့။ သာမန်လူက ဒီလိုအရသာရှိတဲ့ ဟင်းပွဲကို ချက်တတ်ပါ့မလား”

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now