“အင်း… ဒီကောင်မလေး တယ် မလွယ်ချင်ဘူး။

ပြဿနာတွေ ရှာချင် နေလို့ လမ်းခင်းတာအကြောင်းပြမှန်းသိရက်နဲ့ငါအလှူ ခံတာကို  သူများထက် ပိုပြီ ကြည်ကြည်ဖြူဖြူ ရက်ရက်ရောရော ထည့်သွားတာ။

ငါ့အိမ်ကို လည်း သုံးရက်ဆက်တိုက် ရှိပြီ  နွားနို့ နဲ့ ဒိန်ခဲ တွေ ပို့နေတာ။

အင်း …သိတတ်မူ့လေးကို အသိမှတ်ပြု ငါ ကြည့်ဖြေရှင်း ပေးရမှာပေါ့လေ။

ရောက်သည်နှင့် သူကြီး သောင်း နှင့်အတူ လူသုံးယောက်က မြေကြီးပေါ် မှောက်လျက် လဲ နေသူများကို လက်နှိပ် ဓာတ်မီးဖြင့် ထိုးကြည့်ကြသည်။

မျက်နှာ မြင်သည် နှင့်တအံ့တဩ  မောင်ကျော်နိုင် လို့ ခေါ်ကြသည်။

မောင်ကျော်နိုင်လို့ ခေါ်ပြီ စကားမဆက်နိုင်ခင် ထားထားဦးက အရင်

“သူကြီးရေ မြင်တဲ့ အတိုင်းပဲတော် ၊ ကျွန်မတို့ စပါးကျီ ပေါက်နား လူအရိပ်မြင်လို့ ဝိုင်းရိုက် ဖမ်းထားရတယ်။

ခေတ် ကာလ များ မကောင်းလေတော့  သူခိုးများက တယ် ခေတ်ထတယ်တော်။

မိန်းမသား များတဲ့ အိမ်မို့ သူခိုးများက အထင်သေး အတင့်ရဲတယ်ထင်ပါ့..”

ဒီထက်ပို ထားထားဦး ရှည်ရှည်ဝေးဝေး အကြောင်းပြ ပြောစရာမလို။

တစ်ရွာတည်းသားချင်း ဘာကြောင့် ဒီလိုဖြစ်သလဲ။

အကုန်လုံး သဘောပေါက်ပါသည်။

ဒါ့ကြောင့် ရွာထဲက ကိုကျော်လိူင် မလှလှတို့ ရွာထိပ်က အိမ်ကို လှည်းဖြင့်

အမြန်လိုက်လာကြဖို့ သူကြီးက သူ့လူကို အခေါ်လွှတ်လိုက်သည်။

မလိုက်ချင် လိုက်ချင် လိုက်လာသည့် ကျော်နိုင် အမေ ဒေါ်လှလှက

ပါးစပ်ထဲက သွေးတွေထွက်နေတဲ့ သူ့သား မျက်နှာ မြင်ခါမှ ငိုလျက် ဆွေ့ဆွေ့ ခုန် ရင်နာပြသည်။

ရင်နာ ရင် ရန်ထောင်မယ်လုပ်တော့ သူ့သားက စကားမပီကလာပီကလာ အသံဖြင့်

“ကျုပ်... ကျုပ်  သွားတွေ နာလှပြီ ...”

သားကသည်လို ပြောလာတော့  ဒေါ်လှလှရန်မထောင်နိုင်တော့ ။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now