"သွားကြည့်လေ မင်းလိုချင်တယ်လို့ပြောလို့ ကိုယ်ရှာဝယ်ထားရတယ် ဘယ်လိုလဲ အကြိုက်တွေ့ရဲ့လား"
 
  "အရမ်း..အရမ်းနဲ့မှပဲ"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်။ သူအရမ်းနဲ့မှဒီလူသားကို သဘောကျရပါသောပဲ။ သူ့ရဲ့စိတ်ကိုဒီလူက ပါပါးနဲ့မာမားထက်ပင်သိသေးသည်မဟုတ်လား။ ခုပဲကြည့်လေ သူဒီချစ်စရာယုန်အသေးလေးတေလိုချင်တယ်လို့ပြောဖူးတာဖြင့် အထက်တန်းနောက်ဆုံးနှစ်ထဲက။ ဒါကိုမှတ်မှတ်ရရဖြည့်ဆည်းပေးတယ်တဲ့။ ရှောင်းကျန့်တောင်မေ့နေပြီမဟုတ်လား။ အက်လိုပဲ တစ်ခါတစ်လေရိပေါ်ကအရမ်းလဲချစ်ဖို့ကောင်းသလို အမြင်ကပ်ဖို့လဲကောင်းပါသေးသည်။

  "ကဲ ကိုယ့်ကိုလွှတ်ပြီးသွားကြည့်ချေ သွား"

ရှောင်းကျန့်ကပျော်ရွှင်စွာပဲ ဝမ်ရိပေါ်ရဲ့ပါးကိုတစ်ချက်နမ်းပြီး မြက်ခင်းပေါ်မှာပြေးလွှားနေတဲ့ယုန်ပိစိလေးတေဆီ ပြေးသွားလိုက်တယ်။ ခုချိန်မှာသူ့ကိုသူလဲဘာလုပ်မိလိုက်လဲ သတိမထားမိတော့ဘူး။ သူသိတာက အရမ်းအရမ်းနဲ့မှပျော်ရွှင်နေတယ်ဆိုတာပဲ။

  နောက်မှာကျန်ခဲ့တဲ့ဝမ်ရိပေါ်မှာလဲ ရှောင်းနမ်းသွားတဲ့ပါးတစ်ဖတ်ကို အုပ်ကိုင်လိုက်ပြီးတောင့်တောင့်ကြီးရပ်နေမိတယ်။ ခုရှောင်းကသူ့ကို ဘာလုပ်သွားတာတဲ့လဲ။ ဟား ဒီကောင်လေးသူဘာလုပ်မိလိုက်လဲမှသိရဲ့လား သူ့ကိုအရူးရင်အောင်လုပ်နေသလားမှတ်ရတယ်။

  "ရှောင်း အထဲဝင်ကြရအောင် မားကိုကိုယ်ပြောခဲ့တယ် ဒီနေ့အပြင်မှာအိပ်မယ်လို့"

  "ဟင် မာမားကဘာပြောလဲ ခွင့်ပြုတယ်တဲ့လား"

  "အင်း ခွင့်ပြုတယ်"

  "ဝါး ဝမ်ရိပေါ်မင်းအတော်ဆုံးပဲ အက်ဒါနဲ့ဘယ်မှာအိပ်မာလဲ"

  ရှောင်းကျန့်ကပြောနေရင်းနဲ့မှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်ဝန်းတစ်စုံမှာဝိုင်းစက်သွားရပြီး

  "မင်း! မဟုတ်မှလွဲရော..."

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပြုံး၍သာစိုက်ကြည့်နေပြီး မျက်ခုံးတစ်ဖတ်ပင့်ပြလာသည်။ ပြောချင်တာက ဘာလဲဆက်ပြော ဆိုတဲ့အဓိပ္ပါယ်

Xiao-ရှောင်းWhere stories live. Discover now