part 2

1K 19 0
                                    

" သားကြီး...ဂုဏ်သဏ္ဍာန်...ဒီနေ့ company မသွားဘဲမာမီနဲ့အဖော်ပြုပေးပါလား..."

''ဗျာ..ကျွန်တော်‌ဒီနေ့ အရေးကြီးတဲ့ပရောဂျက်နဲ့ဧည့်သည်ဆီသွားတွေ့ရမှာမာမီ...!!

သားငယ်ရှိန်းမဟော်ကိုကြည့်တော့ ထုံးစံအတိုင်း စာအုပ်ဖတ်မပြတ်သည်မို့ ဒေါ်ဂုဏ်နှင်းဆီ စိတ်ဓာတ်ပင်ကျလာသည်...သားကြီးက company နဲ့အလုပ်ရှူပ် သားငယ်က စာနဲ့အလုပ်ရှူပ်နေတာမို့  သူမအထီးကျန်ပြီး မပျော်မရွှင်ဖြစ်လာသည်...။

"သားကြီး အဆိုအလုပ်ကအပြန် မာမီစီစဉ်ပေးတဲ့ကောင်မလေးနဲ့သွားတွေ့ချည်...."

ကျွန်တော်!!!

ဂုဏ်သဏ္ဍာန်ငြင်းဖို့ကြံကာမှ မာမီမျက်နှာက ပြိုတော့မယ့်မိုးလို ဖြစ်နေပြီမို့ မငြင်းသာတော့ဘဲ....

"ဟုတ်ကဲ့မာမီ...."

ဂုဏ်သဏ္ဍာန် စားပြီးတာနဲ့ လက်တောပ့်ကိုယူပြီး အဆင်သင့်ဖွင့်ထားတဲ့ကားပေါ်တက်လိုက်တော့သည်။

" Boss ဒါက ဧည့်သည်နဲ့တွေ့ရမည့်အချိန်ဇယားတွေပါ..."

သူလက်ထောက်က စာရင်းပေးလိုက်တော့ ဂုဏ်ယူလိုက်ကာ...

"အရေးမကြီးရင် ဖျက်လိုက် မင်းမင်း....ဒီနေ့ဧည့်သည်က အဓိကထားလိုက်...."

" ဒါကbossအတွင်းရေးမှူးဖြစ်ဖို့ အဆင်ပြေမယ့်လူတွေစာရင်းပါ...."

" မင်းဘဲကြည့်စီစဉ်လိုက်တော့...."

လက်တောပ့်နဲ့ အကြည့်မပျက်တဲ့bossကိုကြည့်ကာ
မင်းမင်းလည်း အဆင်ပြေမယ့်တစ်ယောက်ကိုရွေးချယ်ထားလိုက်တော့သည်။

"ကြီးကြီးရေ...ခွန်းစစ်လေးရေ...."

"ဘာကိစ္စ ရှိလို့လဲအာပြဲစိန်မ...လျှောက်မအော်နေနဲ့...."

"ဒီမှာ အမေကမုန့်ဟင်ခါး လာပို့ခိုင်းလို့ "

"အဲမှာထားလိုက် လာလာမိုးခါး....ငါပြောပြမယ်...."

"အော်ဟဲ့ဟဲ့....ဘာဖြစ်တာလဲအလန့်တကြားနဲ့"

"ငါပြောမယ်ဟိုနေ့က သူငယ်ချင်း ရှိန်းမဟော်ကိုသိတယ်မလား။ သူငါ့ကိုယ် အကူညီတောင်းထားတယ် သူ့ကို ဂိုက်လုပ်ပေးဖို့ ဆရာရှာနေတာပေးပါအုံးတဲ့..."

အချစ်ကပေးတဲ့အပြစ်ဒဏ်Where stories live. Discover now