တစ်လှမ်း ချင်းလှမ်းလိုက်တဲ့ ခြေလမ်းက တစ်ဖြည်းဖြည်း ရေထဲသို့ နစ်စပြုလာခဲသည်
ရေကူးတက်ပေမယ့် နွယ်ရှင်တွေကလည်း သူ၏ ခြေထောက်ကို ရစ်ပတ်လာကြ၏
ရေကန်အတွင်း၌ အကူအညီ တောင်းဖို့လဲ သူ့မှာ အခွင့်မရှိပါ ဒီနွယ်ရှင်များကိုလည်း မရုန်းဖယ်ချင်တော့ဘဲ သေမထူးနေမထူးစွာဘဲ ဘယ်တော့ သေမလဲဆိုတာကိုပင် စောင့်စားလျက်။

ထင်ထားသလိုမဖြစ်လာခဲ့ ကျွန်တော့်ရဲ့ အသားကို လူတစ်ယောက်ထိလာသလိုခံစားလိုက်၏ ရစ်ပတ်ထားတဲ့ နွယ်ပင်တွေကလည်း တဖြည်းဖြည်း ဖွာကျလာခဲ့သည်
မျက်စိပွင့်လာတဲ့ အခါမှာလဲ ရေထဲမှာတင်
လူပ်ခါ နိူးနေတဲ့ကောင်လေးတစ်ယောက်။
ဒါတွေကို သူမြင်လိုက်ပေမယ့် ခန္ဓာကိုယ်ကလုံးဝ မလူပ်ရှာလာခဲ့နိုင်ပါ။

ထပ်ပြီး နိူးလာတဲ့ အချိန်မှာ ကောင်လေးတစ်ယောက်ရဲ့ မျက်ရည်စတွေနဲ့ပုံရိပ်လေးကိုသာ သူအရင်မြင်လိုက်ရသည်။ သူက ရွာထဲက
ခလေးဆိုးလေး ရာချီဒွေးတဲ့။
မင်းက ငါ့ကို သေရွာကနေ ပြန်ခေါ်လာတာဘဲ။

"ဒီမှာ ဒီမှာ ခင်များအဆင်ပြေလား "

"အဟွတ် အဟွတ် "

"ရပြီလား ရပြီမလား "

"ကျေးဇူးတင်ပါတယ်ရာချီ "

သူ့အသက်ကိုတောင်မနှမြောဘဲ မရင်းနှီးခဲ့တဲ့ ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့အထိ သူ၏ အတွင်းစိတ်ကဘယ်လောက်ဖြူစင်လဲဆိုတာ ကျွန်တော်သိခဲ့ရ၏

"ဟျောင့်တွေ မင်းနဲ့ အစ်ကိုပုံတိုင်း ဘာဖြစ်တာလဲ "

"ငါရေနစ်လို့ပုံတိုင်းကလာကယ်တာ ဘာမှမဖြစ်ဘူး သွားဆော့ကြမယ် "

"ဟားဟား ချီးပေါလောကြီး ရွာမှာနေပြီး ရေမကူးမတက်ဘူးတဲ့ "

"ချီးပေါလောကြီးပါကွာ "

"တော်တော့ကွ သွားဆော့ကြမယ်"

သူလိမ်ခဲ့တဲ့စကားလေးတစ်ခွန်းကအစ
လူတစ်ယောက်၏ အရှက်တရားကို ကာကွယ်ပေးနေတာ။
ဟုတ်ပါတယ်လေ ၁၂ နှစ်အရွယ်ကို ၉နှစ်အရွယ်ကောင်လေးက အသက်လာကယ်တာ ဖြစ်သင့်ရဲ့လား။

အဲ့နေမှာဘဲ ကျွန်တော်ရာချီ့ကို ပိုပြီးသတိထားမိလာပြီး အမြဲလိုက်ချောင်းနေခဲ့မိတာသူ့အိမ်ဘေးထိရောက်သည်အထိပေါ့
ဒါကြောင့်လဲ သူ့အဖေသူ့ကိုဆူတဲ့အသံတွေကြားခဲ့မိရတာပေါ့။
ကိုယ့်ကိုကိုယ့်သိတက်စအရွယ်လဲရောက်
သူ့ဆီစိတ်ကလည်း အမြဲရောက်နေခဲ့ချိန်မှာ
ကျွန်တော်သိလိုက်ရတာက ကျွန်တော်သူကို သဘောကျမိနေပြီတဲ့။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now