အတိုင်ပင်ခံအမတ်ကြီးသည် ကြမ်းပြင်ပေါ် နှဖူးအပ်ထားသည်မှ အနည်းငယ်ဖယ်ခွာပြီး လျှောက်တင်လိုက်သည်။

" စစ်သူကြီး မဏီဟန္တီသည် မွေးရပ်မြေမှာ စစ်သည်တော်တွေ စု‌ဆောင်းနေပါတယ်ဘုရား.. စစ်သူကြီးမှာ မင်းသမီး ပန်သုထျာ၏ ငယ်ကျွန်ရင်းဖြစ်သည့်အတွက် မင်းသမီးသည်လည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နိုင်ပါတယ်ဘုရား"

ဘုရင်မင်းမြတ်၏ မျက်နှာသည် ချက်ချင်းတင်းမာသွားပြီး

" တယ်!! အတင့်ရဲလှချည်လား အမတ်ကြီးရဲ့"

" မဝံ့ကြောင်းပါဘုရား... အမှန်ကိုလျှောက်တင်ရလို့ သတ်လိုကလည်း သေရမှာပါဘုရား.."

" ငါ့ ညီမတော်က ငါ့ကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူး။နောက်တစ်ခါ ဤသို့ လျှောက်တင်ရင် ခေါင်းဖြတ်ခံရမယ်ကွဲ့!"

" သေချာစုံစမ်းသင့်ကြောင်းပါဘုရား"

" အမတ်မင်း ပြန်လို့ရပြီ!!"

ဘုရင်မင်းမြတ်၏ တင်းမာလှသော အသံတော်ကြောင့် အတိုင်ပင်ခံအမတ်မှာ ကြောက်ရွံ့စွာ နောက်ဆုတ်ရင်း ထွက်သွားတော့သည်။

ဘုရင်မင်းမြတ်မှာ သက်ပြင်းကို ဖွဖွချမိလေသည်။ညီတော်ကို ယုံကြည်သော်လည်း ပြောဖန်များလာသည့်အခါ ဟုတ်လေမလားဟု သံသယဝင်လာမိသည်။တစ်ရက်တော့ လူယုံတစ်ယောက်ကို စုံစမ်းခိုင်းအုံးမှပါဟု တွေးရင်း သက်ပြင်းတစ်ချက်ကို နောက်တစ်ကြိမ်ချမိလေတော့သည်။

...

နေရောင်သည် အရှေ့အရပ်မှ ထွက်ပြူလာပြီး စိန့်တိုင်းမှ
လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သ သဖြင့် စိုက်ပျိုးထားသော စကားဝါပန်းပွင့်တွေပေါ်သို့ ဖြာကျနေ‌သည်။မင်းသမီးပန်သုထျာသည် မနက်ခင်းကို စိတ်လက်ကြည်သာစွာ နိုးထလာပြီး ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ သန့်ရှင်းလတ်ဆက်သော လေထုနှင့်အတူ ပန်းပေါင်းစုံရနံ့ကို ရှုရှိုက်မိသဖြင့် ပြုံးလိုက်မိသည်။

" မယ်အုံ.."

" ကျွန်တော်မျိုးမ ခစားလျက်ပါဘုရား"

မယ်အုံက တံခါးတစ်ဖက်ခြမ်းကနေ ပြန်ဖြေသည်။

" စစ်သူကြီး မဏီဟန္တီ စစ်ရေး လေ့ကျင့်ကွင်းကို သွားပြီလား"

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now