i'll be there 18

Mulai dari awal
                                    

"အဟက် စိတ်ဝင်စားစရာပဲ ပြန်​တွေ့ကြတာ​ပေါ့ ဝမ်ရိ​ပေါ် ​နောက်တစ်​ယောက်ကိုလဲငါကလိုက်ရှာအုံးမှာ"
.
.
.
.
"​လေး​လေး ကျွန်​တော်ပြောထားတယ်​နော် ဒီနှစ်ပြီးရင် ကျွန်​တော််ပြိုင်ပွဲ​တွေဝင်​ပြိုင်တော့မှာ ထပ်မငြင်းနဲ့​​တော့"

"​လေး​လေးကတိတည်မှာပါသားရဲ့ ဒါ​ပေမယ့်​လေး​လေးအတွက် တစ်ခု​တော့ပြန်လုပ်​ပေးရမယ်"

"​ပြောကြည့်​လေ တတ်နိုင်တာဆိုလုပ်​ပေးမယ်"

"လွယ်ပါတယ် လူတစ်​ယောက်ကို ထိခိုက်အောင်လုပ်​ပေးရုံပဲ"

"အဟားးး ဒါ​လေးများ ​ပြောကြည့်ဘယ်သူလဲ ဘယ်ကလဲ ဘာလုပ်တဲ့သူလဲ?"

သူ​ပြောသမျှအမြဲနာခံပြီး သူ့​ခြေရာနင်း​နေတဲ့တူဖြစ်သူက အ​ဖေလုပ်သူနဲ့တစ်စက်က​လေးမှမတူဘဲ သူနဲ့လာတူ​နေတာ​တော့သူလဲမတတ်နိုင်

"အဟင်းးးးရန်သူ​တော်​ဟောင်းကြီး ဒီတစ်ခါ​တော့မင်းကံဆိုးပြီ"
.
.
.
.
.
《ချုံးချင့်တက္ကသိုလ်》

ဒီမနက်​တော့ရိ​ပေါ် ​​နည်းနည်းနောက်ကျမှSeanကိုအိမ်ကသွား​ခေါ်လိုက်တယ် ညက သူစတန့်ထွင်လိုက်လို့ seanကအရမ်းစိတ်ပူပြီး ညကြီးမိုးချုပ်​ပြေးထွက်လာခဲ့တာ​လေ

"ကိုယ်....ညက ဘယ်အချိန်ပြန်သွားတာလဲ?"

"အချစ် အိမ်​ပေါ်တက်သွားတာကြည့်ပြီးကိုယ်ပြန်တာပဲ​လေ ဘာလို့လဲအချစ်"

"လိမ်​နေတာ သူ...တစ်ခုခု​ပြော​သေးတယ်မလား"

"ဘယ်သူ?"

"မသိချင်​ယောင်​ဆောင်​နေပြန်ပြီ"

"အာ ဘာမှမ​ပြောပါဘူး ကိုယ်တစ်ကယ်​ပြောတာ အချစ်အိမ်​ပေါ်တက်သွားတာကြည့်ပြီးပြန်လိုက်တာ"

"အင်းပါ...ဘာမှမ​ပြောဘူးဆိုလဲ ပြီးတာပါဘဲ"

သက်ပြင်း​လေးချကာ အလိုမကျတဲ့မျက်နှာ​လေးဖြစ်သွားတဲ့သူရဲ့ပုခုံး​လေးကို ရိ​ပေါ်ဖက်ထားပြီး ပြုံးပြလိုက်သည် မ​နေ့ညက ရွှယ်လု​ပြောတဲ့အ​ကြောင်း​တွေကို​တော့မ​ပြောပြဖြစ်​တော့ပါဘူး သူ့​က​လေး​လေးသပ်သပ်မဲ့ စိတ်ရှုပ်​နေမယ်​လေ

I'll be there-မင်းအနားမှာ(The Deepest S2)Tempat cerita menjadi hidup. Temukan sekarang