လမ်းကောင်းကောင်းလျှောက်ခဲ့လား Taeyeon na
ထမင်းစားပွဲမှာသတင်းစာဖတ်ရင်းထိုင်နေတဲ့ CEOကင် တနည်းအားဖြင့် ထယ်ယွန်းနီးရဲ့အဖေက မနက်ခင်းနှုတ်ဆက်စကားပြောရာ

ထယ်ယွန်းထမင်းစားပွဲမှာဝင်ထိုင်လိုက်ပြီးကော်ဖီပန်ကန်းကိုလှန်လိုက်တော့ ကော်ဖီကရားကိုငှဲ့ပေးတဲ့မိန်းကလေးကအဆင်သင့်
ဟုတ်....လျှောက်ခဲ့တယ် Appa
Ajumma တို့မလာကြသေးဘူးလား
ထယ်ယွန်းကော်ဖီသောက်ရင်းမေးရာ

မကြာခင်ရောက်မယ်လို့ ဒါရိုက်ဘာကြီးအကြောင်းကြားတယ်
ပြီးတော့.....Omma... Ajumma မဟုတ်ဘူး
Taeyeon အဖေကသတင်းစာကိုချကာ နာမည်အခေါ်အဝေါ်ကိုပြင်ပေးတော့

ထယ်ယွန်းကပုခုံးတွန့်ပြပြီး မနိုင်ဘူးဆိုတဲ့မျက်နှာအမူအရာလုပ်ကာ yae...Omma...not Ajumma

ဒါနဲ့ပြောပါအုန်း သမီးတို့ကုမ္ပဏီအခြေအနေ ခုတလောသတင်းတွေမှာ Kakao နဲ့ရှုပ်ထွေးနေကြတယ်ဆို

ပြောမနေပါနဲ့တော့ ငွေ ငွေ ငွေ နဲ့လုံးထွေးသတ်ပုတ်နေကြတာ ဒါရိုက်တာတွေကြားထဲမှာက
ထယ်ယွန်းပုခုံးကိုတွန့်လိုက်ပြီး မနှစ်မြို့ဟန်ပြုကာခေါင်းခါပြလိုက်သည်

ဝယ်ပေးရမလား ဒီတစ်ယောက်တည်းရှိတဲ့ Abeoji က

ထယ်ယွန်း ကော်ဖီကိုငုံသောက်ရင်း တချက်ရယ်လိုက်ပြီး Appa ဒီလိုစကားကိုနောက်ပြောင်လို့တောင်မပြောပါနဲ့ ကြားရတာကြက်သီးထတယ်

Wae....တစ်ယောက်တည်းရှိတဲ့အဖေဆိုတာလည်းမှန်တာဘဲကို သမီးက အဖေဘယ်နှစ်ယောက်လိုချင်လို့လဲ။ ပြီးတော့ wuri Taeyeonnie လိုချင်တယ်ဆိုရင် Appa ကချွမ်း ချွမ်း ချွမ်းနဲ့ ငွေတွေအထပ်လိုက်ပစ်ပြီး ဟော့သလိုပေးဝယ်လိုက်မှာ ပြော‌ပြောဆိုဆိုနဲ့ကော်ဖီတစ်ငုံသောက်လိုက်သည်

ထယ်ယွန်း သူ့အဖေရဲ့‌ေငွတွေပစ်ပေးနေဟန် သရုပ်ဖော်မှုကို ဟားတိုက်ရယ်ကာ ငွေတွေအဲ့လောက်ပေါနေရင် ခေါင်းအုံးပြီးအိပ် Appa ဒါမှမဟုတ် မွေ့ရာကြီးဖယ်လိုက် အဲ့ငွေတွေခင်းအိပ်

CEO ကင် ကော်လံကိုသပ်လိုက်ပြီး waeyo? Appa ကအဲ့လောက်အစွမ်းအစမရှိဘူးထင်ရလို့လား။ Appa အခုနောက်ပိုင်းအရမ်းတော်လာတာပါနော် အရင်တစ်ပတ်ကဘဲကြည့်ပါလား Halabeoji တို့နဲ့ညစာစားတုန်း ဦးလေးကင်တို့ကို Appa ဘယ်လိုချေပလိုက်လဲ။

Time Spent Walking Through MemoriesWhere stories live. Discover now