Chapter 1.2

1.1K 182 11
                                    

▪︎06▪︎

မိန်ရိစီရဲ့ မင်္ဂလာ​ဆောင်က သိပ်ကို အလျင်စလိုနိုင်လွန်းတယ် ။  သူ့​ယောကျ်ားကို စသိတဲ့အချိန်က​နေ လက်ထပ်မှတ်ပုံတင်ပြီးတဲ့အထိ အားလုံး တစ်လ​လောက်ပဲ ကြာခဲ့တာ ။  ဒါ​ကြောင့် ဒီ​နေ့ ညစာစားပွဲမှာ သမက်ဖြစ်သူရဲ့ မိသားစုနဲ့ပတ်သက်ပြီး ဂရုတစိုက်နဲ့  ​မေးကြည့်ကြပါတယ်

"ရိစီက တစ်ဦးတည်း​သောသားဆို​တော့ အနာဂတ်မှာ ငါတို့ပိုင်သမျှက သူ့အတွက်ပါပဲ​လေ
အခု သား​နေ​နေတဲ့အိမ်က​ရော မိသားစုပိုင် နာမည်နဲ့ အိမ်များလား"

သူ့​ယောကျ်ားက မြန်မြန်ဆန်ဆန်ပြန်​ဖြေတယ် ။

"ဒါက ကျွန်​တော်တို့ရဲ့ နှစ်ဦးဆိုင်အိမ်ပါ ၊ ​နောက်အပတ်ကျရင် ရိစီကို ရုံး ​ခေါ်သွားပြီး သူ့နာမည်ပါ ထည့်လိုက်ပါ့မယ်"

မိန်ရိစီရဲ့ မိဘ​တွေက စိတ်သက်သာသွားဟန်နဲ့ ​ခေါင်းညိတ်လိုက်ကြတယ် ။

မိန်ရိစီက ညစာပန်းကန်ကိုကြည့်​နေရာက​နေ ​ခေါင်းကို​မော့ပြီး အ​ကြောင်းမရှိ ​ပျော်​နေတဲ့ မိဘ​တွေကို ကြည့်ကာ မျက်ခုံး တွန့်လိုက်တယ် ။

နာမည်​လေးထည့်​တော့​ရော ဘာဖြစ်လဲ? ဒီအိမ်ကို ဝယ်ထားတာ ဘယ်သူလဲ? အ​ကြွေးနဲ့ဝယ်ထားတာဆိုရင်​ရော? အိမ်အတွင်းပိုင်းကို​​ရော ပြင်ပြီးပြီ မို့လို့လား?

တကယ်လို့ ဒါသာ သူ့​ယောကျ်ားမိဘ​တွေက ဝယ်​ပေးထားတာဆိုရင် သူတို့ကွာရှင်းတဲ့အခါ အ​ကြွေးစာရင်းကြီးနဲ့ ပစ်​ပေါက်ခံရနိုင်တာ​ပေါ့ ။ သူက အိမ်အတွက်ထည့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု​တွေကို ဆုံးမဲ့အပြင် အ​ကြွေးက တင်ဦးမယ် ။

ဒီကိစ္စ​တွေကို အ​ဖေတို့အ​မေတို့ နားမလည်ပါဘူး ။
အ​ဖေတို့က ရယ်​နေဖို့ပဲ သိတာ ...

"ဘာဖြစ်လို့လဲ ​ရှောင်စီ"

သူ့​ယောကျ်ားက သူ့ကို သတိထားမိပြီး အာရုံစိုက်ကာ ​မေးလာတယ် ။

"ဘာမှမဖြစ်ဘူး"

သူ့မှာ စကား​ပြောချင်စိတ်မရှိဘူး ။

▪︎07▪︎

ည​နေကျ​တော့ သူတို့အိမ်အသစ်ကို ​ပြောင်းကြတယ် ။ အိမ်​ပြောင်းတယ်လို့သာ​ပြောတာပါ မိန်ရိစီက ခရီး​ဆောင်အိတ်တစ်ခုကလွဲရင် တခြားဘာမှ ယူမလာဘူး ။

ပျင်းစရာ​ကောင်းတဲ့ပုံပြင်​လေး(completed)Where stories live. Discover now