အပိုင်း(၄)

223 12 1
                                    

After 10 Years

   
မနက်၇နာရီ

~တိမ်ပင်လယ်ဆီ မင်းနဲ့ခရီးဆက်
တောင်ပြာတွေပေါ်တက်ဖြစ်ရင်
သာယာနေတဲ့ထင်းရှူးတန်းနဲ့
ရေပြာအိုင်ကိုမင်းတွေ့ရင်
Instagram မှာ update လုပ်ဖို့
photo သေချာရိုက်ဖို့ပြင်
ရင်ခုန်သံတွေမင်းနဲ့ထပ်တူ
တိမ်စိုင်နေတဲ့လမ်းလေးမြင်~

   အခုလတ်တလော မြန်မာနိုင်ငံမှာခေတ်စားနေတဲ့
သီချင်းလေးကို သွဲ့သဘောကျမိတာမို့
ခဏခဏနားထောင်ဖြစ်ရင်းကနေ phone ringtone ပါ ထားမိသည်အထိ။
သဘောကျ၍ထပ်ခါထပ်ခါနားထောင်ဖူးသောသီချင်းလေးသည် အခုလိုအလုပ်ပိတ်ရက်
မနက်စောစောတွင် ၃ခါလောက်နားထောင်လိုက်ရသောအခါ ဖုန်းကိုပါ ရိုက်ခွဲပစ်ချင်မိသည်အထိ။

   ကုတင်ဘေးက စားပွဲပေါ်မှာတင်ထားသော
ဖုန်းလေးကို မျက်လုံးမဖွင့်ပဲ လက်နဲ့စမ်းပြီးယူလိုက်ကာ ဒီလိုစောစောစီးစီး မနားတမ်းဖုန်းခေါ်တတ်တဲ့ လူကိုသိနေတာမို့ contact name ကိုမကြည့်ပဲ

"ရား သေတော့မှာမို့ ဒီလောက်ခေါ်နေတာလား၊
ဒီမှာအိပ်နေတယ်လေ၊ လူမှုရေးနားမလည်ဘူးလား ကောင်မရဲ့"

"ဟယ် ဘရဏီသွဲ့!
နင် ငါ့ကိုဘယ်လိုတွေပြောနေတာလဲ၊
အမလေးနော် ကိုယ့်သမီးကိုယ် မနက်၇နာရီဖုန်းဆက်တိုက်ခေါ်မိလို့ ငါအ‌မေက လူမှုရေးနားမလည်တဲ့လူတောင်ဖြစ်သွားရပြီ၊ ဟုတ်သလား မိသွဲ့"

    ထင်ထားသည့်လူမဟုတ်ပဲ အရင်းနှီးဆုံးအသံကိုကြားလိုက်ရသောအခါ သွဲ့အိပ်ချင်စိတ်တွေတောင်ပျောက်သွားရပြီး contact name ကို ပြူးပြဲကြည့်မိသည်။

'မာတာမိခင်'

*ငါတော့သေပြီပဲ*

"အယ် မဟုတ်ပါဘူး မာမီရယ်၊ သွဲ့က ဂရေစီထင်လို့ပြောမိတာပါ မာမီရဲ့၊ စိတ်မဆိုးနဲ့နော် မာမီ ဟီး"

"အပိုတွေပြောမနေနဲ့ မိသွဲ့၊
ညည်းဘယ်တော့ပြန်လာမှာလဲ၊
ငါကပညာသင်ပဲလွှတ်လိုက်တာနော်၊ ညည်းကပညာသင်၊ဘွဲ့ရ၊ အလုပ်ပါဝင်ပြီး အဲ့ဒီမှာပဲအခြေချတော့မလို့လား"

"အဲ့လိုလဲမဟုတ်ပါဘူး၊ သွဲ့က ဒီမှာနေတာ အဆင်ပြေလို့ နေလက်စနဲ့ဆက်နေနေတာပါ၊ နောက်ပြီး သွဲ့မှာအလုပ်လဲရှိတယ်လေ၊ ခုမာမီပြန်ခေါ်တာ သွဲ့ကို
အိမ်ထောင်ချပေးဖို့ဆိုရင်တော့ Noပဲ၊ သွဲ့ပြန်လာမှာမဟုတ်ဘူးနော်"

Ex To Lover Again!Where stories live. Discover now