အပိုင်း(၂)

287 23 4
                                    

    အဆင်မပြေပါ၊
အချစ်နဲ့လမ်းခွဲပြီးနောက် ယိမ်းဘာလုပ်လုပ်အဆင်ပြေမနေပါ၊ လုပ်သမျှအရာ အကုန် အလွဲလွဲ အချော်ချော်၊
မေမေ့စက်ချုပ်ရာမှာ ကူတော့လဲ လက်ကို ခဏခဏအပ်စိုက်မိတယ်၊ မေမေကတော့ နားနားနေနေ နေဖို့ပြောပါတယ်၊ သူမတစ်ယောက်ထဲ လုပ်နိုင်ပါတယ်တဲ့၊ ယိမ်းကိုက မနေတတ်တာ၊
 
ယိမ်း သွဲ့နဲ့လမ်းခွဲခဲ့ပြီး အိမ်ပြန်ရောက်တဲ့‌နေ့ကဆို
မေမေ့ရင်ခွင်ထဲတိုးပြီး ငိုမိသည်၊
မေမေကနှစ်သိမ့်ပေးရှာသည် ၊ မေမေပြောတဲ့စကားလေးကို ယိမ်းမှတ်မိပါသည်၊ မှတ်ထားတာဟု ပြောရမည်။

" ယိမ်း ဘာလို့ငိုနေတာလဲ သမီးရဲ့၊
မငိုရဘူးလေ ၊ ငိုတယ်ဆိုတာ အရှုံးပေးခြင်းပဲ၊
မျက်ရည်တွေဟာ မေမေ့သမီးမျက်နှာလေးနဲ့ ဘယ်တုန်းကမှမအပ်စပ်ခဲ့တဲ့ အရာတွေ၊ သူတို့ကို ဘယ်တော့မှ ယိမ်းရဲ့ မျက်နှာပေါ် မခေါ်ဆောင်ပါနဲ့ကွယ်"

"ဟင့် သမီးလေ သမီး သွဲ့ကိုချစ်တယ်မေမေ၊
အရမ်းချစ်တာ"

"မေမေသိတာပေါ့ ယိမ်းလေးရဲ့၊
သမီးတို့ရဲ့ သာမန်မဟုတ်တဲ့ဆက်ဆံရေးကိုတောင် မေမေလက်ခံနိုင်ဖို့ အများကြီး ကြိုးစားခဲ့တာ သမီး၊
မေမေ့သမီးလေး သွဲ့ကိုအများကြီးချစ်တာမေမေသိတယ်၊ ဒါကြောင့်မို့လဲ သမီးတို့နှစ်ယောက်ကို မေမေလက်ခံခဲ့တာ"

"နားထောင် ယိမ်း၊
ဘယ်သူတွေ ဘာပဲပြောပြော ကိုယ့်လမ်းကိုယ်ပဲတစ်စိုက်မတ်မတ်လျှောက်၊ ပိုက်ဆံနောက်ကိုမလိုက်နဲ့၊
အောင်မြင်မှုကိုပဲရှာပါ၊ ငွေတွေဆိုတာ သမီးမလိုချင်အောင် ဝင်လာလိမ့်မယ်၊
အခု ပိုက်ဆံမရှိတော့ လူတွေကနှိမ်ကြတယ်မလား သမီး၊
ရတယ် ဘာမှမဖြစ်ဘူး၊
နှိမ်ကြစမ်းပါစေ သမီးရယ်၊ သူတို့ဘယ်လောက်ပြောနိုင်မလဲ အချိန်တန်လို့ မောရင် ရပ်သွားကြလိမ့်မယ်၊
ဒါပေမယ့် ယိမ်း မှတ်ထားပါ၊ အဲ့လူတွေရဲ့စကားတွေကို မှတ်ထားပြီး အောင်မြင်အောင်ကြိုးစားပါ၊
အဲ့စကားတွေက အောင်မြင်မှုအတွက် ခွန်အားတွေပဲ"

"နောက်ပီး သွဲ့ကိုချစ်တယ်မလားသမီး၊
သွဲ့ကိုချစ်ရင် သွဲ့အတွက်ကြိုးစားပါ ၊ သွဲ့မိဘတွေ ယိမ်းကိုလက်ခံနိုင်အောင် ကြိုးစားပါ၊  သွဲ့ကမွေးကတည်းကရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ကလေးလေ၊ သွဲ့ကတော့ တောင်းဆိုတာမဟုတ်ပေမယ့်သူမကိုသူမမေမေတွေထားသလို ထားနိုင်အောင် ယိမ်းကြိုးစားပါ၊
မေမေ့သမီး လုပ်နိုင်တာကို လူတွေကိုပြလိုက်ပါ
ဒေစီ့ကိုလဲ မပြစ်မမြင်ပါနဲ့ကွယ်"

Ex To Lover Again!Tempat cerita menjadi hidup. Temukan sekarang