Part-35👻

1.1K 69 10
                                    

#Unicode

အခန်းထဲတိတ်ဆိတ်နေပေမဲ့ အပြင်ဘက်မှာ ကလေးငယ်တွေရဲ့ငိုသံကတော့ပြန့်နှံ့လို့နေသည်...

jen: ဒီတစ်လုတ်ပြီးရင် တော်ပြီ

lice: ဝပြီလား

jen: ဝလို့မဟုတ်ဘူး နှုတ်ခမ်းပြဲသွားမှာကြောက်လို့

lice:ဘယ်လို...

jen: ဒီမှာကြည့် နှုတ်ခမ်း​ကိုနမ်းရုံလောက်ပဲမဟုတ်ဘူး တချက်တချက်စုပ်လိုက်လေးတာ အဲတော့ ပြဲတော့မှာပေါ့

သူ့နှုတ်ခမ်းကိုမတရားစုပ်မိကြောင်းကို ကလေးသဖွယ်နှုတ်ခမ်းထော်ကာပြောပြနေသောသူမ

lice: စုပ်တယ်ဆိုတာက နမ်းရုံပဲဆိုတော့ပျင်းဖို့ကောင်းလို့ အပြောင်းအလဲလုပ်ပေးတာ

jen: ဘယ်လိုပဲလုပ်လုပ် အခုတော့တော်ပြီ

lice: ဟုတ်ပါပြီ နေ့လည်ကျရင်ဆန်ပြုတ်ကိုဘယ်လိုအရသာနဲ့စားချင်လဲ

jen: ကင်မ်ချီထမင်းကြော်ကိုဝက်ဗိုက်သားလေးနဲ့ကြော်ထားတာစားချင်လိုက်တာ

lice: အချဥ်စပ်မှစားလို့မရသေးတာ ကိုယ်မေးတာကလည်း ဆန်ပြုတ်အရသာကိုမေးတာ ဘာကိုကင်မ်ချီထမင်းကြော်လည်း ထုသတ်လိုက်ရရင်တော့

jen: လုပ်ရဲလုပ်ကြည့်လေ နေပေါ့ ဆရာဝန်လာရင် ကျမဘာသာ ခွင့်တောင်းပြီး တစ်ဝကြီးစားမှာ

lice: အဲလိုအစားမက်ပြီး ဗိုက်နာလာရင် ဂရုမစိုက်ပေးပဲ လွှတ်ထားမှာ

jen: စာနာတရားကင်းမဲ့သူကြီး

lice: ကြားတယ်နော်

jen: အရူးကြီး ဟွန်း

lice: အားးး ပြောချင်သလိုသာပြောပေတော့ ကိုယ်ကတော့Niniကိုချစ်ရလွန်းလို့ရူးတော့မယ်

jen: ကျမကြောင့်ပေါ့

lice: 100%

mr.kim: အဟမ်း..

lice: dad mom ရောက်လာကြပြီပဲ

mr.kim: စကားပြောနေကြလို့ ကြားဝင်မဖြတ်တော့တာ ရောက်နေတာဖြင့်ကြာလှပြီ

lice: သတိမထားမိလိုက်ဘူး

mr.kim:အင်း

liceအပြောကိုမသိသလိုပြုမူလိုက်တဲ့ mrs.kim

Only you are my mine(completed)Where stories live. Discover now