အပိုင်း(၃၀)

Start from the beginning
                                    

တခြားသူများကလည်း ချက်ချင်း တစ်ယောက်တစ်ခွန်း ပြောကြသည်။

“ပစ်ပယ်တယ်ဆိုတာ ဘာသဘောလဲ။ ညဘက် ဆိုင်ဖွင့်မှာပဲလေ။ ကြောက်စရာကောင်းတဲ့ စကားတွေ မပြောစမ်းနဲ့”

“ဟုတ်တယ်။ မင်း ပြောတာ အမှန်ပဲ”

“တခြားစားသောက်ဆိုင်ရှိရင် ထွက်သွားတာ ကြာပြီ။ စားသုံးသူကို အမြဲဦးစားပေးသင့်တာလေ။ ဒါပေမဲ့ ဒီဆိုင်က ကြက်ဥထမင်းကြော်ကို မစားရ မနေနိုင်ဘူး”

“ငါလည်း လက်ခံတယ်။ သူဌေးရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်တယ်။ အခုတော့ တခြားဆိုင်က ကြက်ဥထမင်းကြော်ကို ဝက်စာလို့တောင် ထင်နေမိပြီ”

“ငါ့ဘဝ ဆက်လက်ရှင်သန်ဖို့ သူဌေးယွမ်ကိုပဲ အားကိုးရတော့မယ်။ သူ အစားအသောက်တွေကို မစားဘဲ မနေနိုင်ဘူး”

လူအုပ်စုကြီး တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ကာ တဖြည်းဖြည်းချင်း လူစုခွဲကြသည်။
အဝတ်အခြောက်လျှော်ဆိုင်မှ သူဌေးထုံက သူ့အနီးအနား ပတ်ဝန်းကျင်က လူအုပ်စုကြီးကို ငေးကြည့်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“ယွမ်ကျိုးရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်မယ်လို့ မထင်ထားဘူး။ အချိန်တိုအတွင်း ရေရှည်ဖောက်သည် အများကြီး ရှိတာ အံ့ဩစရာပဲ”

သို့သော်လည်း သူဌေးထုံက အရသာ မြည်းစမ်းကြည့်ရန် မတွေးဖူးပေ။ ယွမ်ကျိုး၏ အိမ်နီးချင်းအနေဖြင့် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို အားပေးရန် သွားခဲ့စဥ်က ဈေးနှုန်းကို လန့်ဖျပ်ပြီး မမှာယူခဲ့ပေ။
ထိုစဥ်က ယွမ်ကျိုးကို ရူးများ ရူးနေလားဟုပင် ထင်မိသည်။ မည်သူက ကြက်ဥထမင်းကြော်အတွက် ယွမ်၂၀၀ကို ဖြုန်းတီးမည်နည်း။ ဆိုင်စဖွင့်သော ပထမ ၂ရက်အတွင်း စားသောက်ဆိုင်က စားသုံးသူ ကင်းမဲ့ခဲ့သည်။  သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စားသုံးသူ ပိုများလာသည်။ ယနေ့ခေတ်တွင် ပိုက်ဆံရှိသော ငတုံးငအများ ပေါများလာသည်ဟုပင် ထင်မိသည်။

ယခုအခြေအနေကို အကဲဖြတ်ရုံဖြင့် စားသောက်ဆိုင်သို့ လာရောက်သော ဖောက်သည်အားလုံးက ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကြောင့်မှန်း သဘောပေါက်သွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now