အပိုင်း (၂)

124 29 4
                                    

စာမေးပွဲမတိုင်ခင် တစ်ပတ်အတိ အလို

တစ်ပတ်အလိုမှာတော့ ရစ်ခီစာတွေအကုန်နီးပါး
သေချာပိုင်ပြီး သင်္ချာကိုလဲ ဂုဏ်ထူးမဟုတ်တောင်
သေချာဖြေနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်
ရှိဆို ထယ်ရယ်က နေပြန်ကောင်းတည်းက
ရစ်ခီ့ကို သင်္ချာတွေပြန်ရှင်းပြ revisionပြန်ပေးနဲ့
သူပါ ဝင်မဖြေရရုံတမယ်ပဲ

မေမေကလဲ ရစ်ခီစာမေးပွဲတွင်းမှာ မဖျားအောင်
အားရှိမှာတွေချက်ကျွေး အားဆေးတွေတိုက်နဲ့
သူတတ်နိုင်တဲ့ဘက်လေးက လုပ်ပေးရှာတယ်

ဂယူဘင်းလဲ ဆရာလေးနဲ့ နောင်ဂျိန်တစ်ပွဲတော့
ချလိုက်ရသေး Grammar တွေရှုပ်ပြီး
မဖြေတော့ဘူး ထငိုပြီး ဂျစ်ကျလို့ ဆရာလေးမှာ
ချော့တစ်လှည့်ခြောက်တစ်လှည့်....

ငါးအိမ်ကျော်လောက်က ကိုးတန်းပြီး
ဆယ်တန်းတက်မဲ့ ဂွန်းဝုကတော့
ဆယ်တန်းကိုကြီးနှစ်ယောက်
ဗျာများနေတာကိုကြည့်ပြီး လန့်နေလေရဲ့

ခုတလော ရစ်ခီ ဘုရားလဲရှိခိုး တရားလဲထိုင်
ကုသိုလ်ရေးလေးကလဲ ကူရတာပေါ့
ထယ်ရယ့်အမေက ဘော်ဒါဆောင်ပိုင်ရှင်ပီပီ
အဆက်အသွယ်အသိတွေများတော့ အဲ့ကနေ
ရစ်ခီ့အတွက် ဗေဒင်ကြည့်ပေးထားတယ်ပြောတယ်
ဂုဏ်ထူးများများ အမှတ်များများနဲ့
အမေမျက်နှာပွင့်အောင် လုပ်ပေးနိုင်မဲ့ကံတဲ့လေ
အန်တီလေးက ဗေဒင်ယတြာတွေယုံတော့
အမေနဲ့အန်တီလေးပေါင်းပြီး ရစ်ခီ့မှာ
စာမေးပွဲမတိုင်ခင်ရက်တွေတည်းက
ဘဲဥကြက်ဥဟင်းတောင် မစားရ
နိမိတ်မကောင်းမှာစိုးလို့ ဥဆို ငုံးဥပြုတ်တောင်
မစားရတာလေ

အဲ့တာကို နေကောင်းတာနဲ့ နှောက်ဖို့ချောင်းနေတဲ့
ထယ်ရယ်က အိမ်ရှေ့က ဖြတ်ဖြတ်သွားတဲ့
ငုံးဥပြုတ်သည်ဆီက ငုံးဥတွေဝယ်ပြီး
ရစ်ခီ့ရှေ့ လာစားပြသေး

~

မြန်မာစာဖြေမဲ့ မနက်
ပထမဆုံးဖြေရမဲ့ဘာသာဖြစ်တဲ့အလျောက်
စိတ်လှုပ်ရှားရပေမဲ့ မေးခွန်းဟောင်းတွေ
အထပ်ထပ်လေ့ကျင့်သေချာကျက်ထားတာမို့
ရစ်ခီ ကြောက်တော့မကြောက်ပါ

ကျောင်းမသွားခင် ဘုရားလဲရှိခိုး
အမေ့လဲကန်တော့ပြီးမှ စစ်စရာရှိတာတွေစစ်ပြီး
ကျောင်းကိုသွားဖို့လုပ်တယ်
ထယ်ရယ်က စက်ဘီးနဲ့လိုက်ပို့တယ်
ဖြေရမဲ့သူအတိုင်းပဲ
သူလဲစိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာချက်

My Neighbor Bro, My LoverWhere stories live. Discover now