ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

အကောင်းဆုံး ဥပမာ တစ်ခုသည် လွန်ခဲ့သော နှစ်အနည်းငယ်အကြာက တုန်းဟိုင်စီရင်စုမှ မိန်းကလေးတစ်ဦးသည် ဖိုင်နယ်ကို ဝင်ရောက်နိုင်ခဲ့ပြီးနောက်  ချင်းဟွာတက္ကသိုလ်သို့ ဝင်ခွင့် ရရှိသွားလေသည်။

ယခုနှစ်တွင် ဆရာဆရာမများသည် ကျင်းစစ်ကို ယုံကြည်စိတ်ချသော်လည်း သူတို့သည် မျှော်လင့်ချက်တော့ အများကြီး မထားပေ။

ထို့အပြင် ကျင်းစစ်သည် အိုလံပစ် လေ့ကျင့်ရေးကို စနစ်တကျ လေ့ကျင့်မှုများ တစ်ခါမျှပင် မရခဲ့သော်လည်း ၎င်းသည် နောက်ဆုံးစာမေးပွဲ စစ်ဆေးမှု ဖြစ်သွားနိုင်သည့်အတွက် ကျောက်ဖုန်နှင့် ဆရာလျိုသည်လည်း ထိုကဲ့သို့ပင် မထူးမခြား ဖြစ်လေသည်။

ဆရာလျို၏ မျှော်လင့်ချက်အပြည့်များကဲ့သို့ မဟုတ်ဘဲ ကျောက်ဖုန်၏ ကျင်းစစ်အပေါ် တောင်းဆိုမှုမှာ ပြိုင်ပွဲအတွေ့အကြုံကို ခံစားစေချင်သောကြောင့် ဖြစ်လေသည်။ ထို့နောက် တစ်နှစ်လောက် အနားယူပြီး နောက်နှစ်တွင် ပြန်လည်ကြိုးစားရန် ဖြစ်လေ၏။

မနက်ခင်းတွင် ရလဒ်များကို ကြည့်နေရင်း ဆရာကျောက်သည် လက်ဖက်ရည် ဖျော်နေလေသည်။ ကျင်းစစ်၏ ရလဒ်များကို သိလိုက်ရသောအခါ သူ၏ စိတ်သည် ဗလာဖြစ်သွားပြီး ဘဝင်ခိုက်သွားကာ ပူနေသော လက်ဖက်ရည်တစ်ခွက်လုံးကို တစ်ငုံတည်းဖြင့် အကုန်သောက်လိုက်လေသောကြောင့် သူ့ပါးစပ်ထဲမှ အရသာဖုများအားလုံး လောင်ကျွမ်းသွားလေသည်။

သို့သော် ကျောက်ဖုန်က နာကျင်မှု နည်းနည်းလေးကိုပင် မခံစားရပေ။

အပူလောင်တယ်...ဟုတ်လား အဲ့ဒါက သာမန်အပူလောင်တာမဟုတ်ဘူး...

ဒါကပျော်လွန်းလို့ အပူလောင်သွားတာ မျှော်လင့်ချက်တွေကြောင့် အပူလွန်သွားတာ...

226 မှတ်တောင် အား!

ဒီနှစ်တွေအတောအတွင်းမှာ တုန်းဟိုင်စီရင်စုမှာ အဲ့လောက်ထိများတဲ့ အမှတ်မျိုး တစ်ခါမှ မရဖူးဘူး...

တရားဝင် ထုတ်ပြန်ချက်များကို လုံးဝပင် စောင့်စရာ မလိုပေ။ ကျင်းစစ်၏ ပြည်နယ်စုရှိအသင်း၏သတင်း တည်ငြိမ်မှန်ကန်ကြောင်း ကျောက်ဖုန်သိလေသည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now