5

41 8 1
                                    



    " ဘယ်တုန်းကတည်းက အဲ့ဒါကို သိနေခဲ့တာလဲ "

" ငါတို့ tripက ပြန်လာတဲ့ပြီးတဲ့နောက်မှပါ ။ မင်းရဲ့ခွက်ကို ဘယ်သူဆေးခတ်ခဲ့တာလည်း သိချင်လို့ CCTV recordကို ပြန်ကြည့်ခဲ့တာ။
အဲ့ဒီ Barရဲ့ ပိုင်ရှင်က ငါ့သူငယ်ချင်းလေ။ recordတွေကြည့်ရင်းက အမှတ်မထင် ငါ့ခွက်ကို  တမင်ရည်ရွယ်ပြီး မင်းလဲလိုက်တယ်ဆိုတာရော ၊  မင်းခွက်ထဲကို ကိုယ်တိုင် ဆေးထည့်လိုက်တာရော ငါသိလိုက်ရတာ ... "

" ငါ့ကို  အစောကတည်းက မပြောခဲ့တဲ့ အကြောင်းအရင်းက ဘာလဲ "

" မင်း ငါ့ကို မသိစေချင်ဘူးထင်လို့..။ ပြီးတော့ ငါ့အတွက် ငါ့ဆီမင်းဘယ်လိုအခြေအနေမျိုးနဲ့ ရောက်လာခဲ့တယ်ဆိုတာ အရေးမကြီးဘူး ။ မင်းငါ့‌ဆီကို ရောက်လာပေးတာကိုပဲ ... ငါက ကျေးဇူးတင်နေပြီ "

သူ့မျက်နှာမှာ ကျန်နေသေးတဲ့ မျက်ရည်စတွေကို ခပ်ဖွဖွ သုတ်ပေးနေတဲ့သူက ...

" ငါထပ်ပြီး တောင်းပန်ပါတယ်နော်.. ငါ့ဘက်က အရင်ကတည်းက မင်းအပေါ်ပွင့်လင်းခဲ့သင့်တာကို "

" အဲ့ဒီအကြောင်းတွေ မင်းသိသွားရင် ငါ့ကို ရွံသွားမယ်လို့ ငါက ထင်နေခဲ့တာ ..."

" ရွံစရာလားကွာ ...။ မင်းဘက်က ငါ့ဆီကိုဒီလိုမျိုး လှမ်းလာပေးတာနဲ့တင် ငါ ဘယ်လောက်တောင် ဝမ်းသာခဲ့ရလည်းဆိုတာ မင်း သိလား "

" တကယ်လို့ ငါ့ဘက်ကလှမ်းမလာခဲ့ရင် မင်းနဲ့ငါ မဆုံတော့ဘူးလား "

" မင်း ဘက်က မစတင်ခဲ့ဘူးဆိုရင်တောင် ငါတို့နှစ်ယောက်ကြားက ကံကြမ္မာကို ... ငါကိုယ်တိုင် ဖန်တီးယူမှာ ဂျောင်ဟွမ် ..။ မင်းဆီကိုရောက်ဖို့ ခြေလှမ်း100လှမ်းခဲ့ရမယ်ဆိုရင်တောင် တစ်ဖက်မင်းရှိတယ်ဆိုတဲ့ အသိနဲ့တင် အဲ့ဒီခြေလှမ်း 100လုံး ငါလှမ်းခဲ့မှာ .. "

တစ်ဖက်လူရဲ့ စကားမဆုံးခင်  သူ့ကိုရူးအောင်လုပ်ဖို့ ရည်ရွယ်နေတဲ့ အဲ့ဒီနှုတ်ခမ်းလွှာပေါ်  ဂျောင်ဟွမ်ရဲ့နှုတ်ခမ်းတွေနဲ့ ဆုံမှတ်ကျစေလိုက်တယ်.. ။

ဒါက သူတို့နှစ်ယောက်လုံး ပုံမှန်အသိစိတ်နဲ့ဖြစ်နေကြတဲ့အချိန်မှာ စတင်တဲ့ ပထမဆုံးအနမ်း။ စတင်တဲ့သူက သူဆိုပင်မဲ့ အနမ်းခရီးကို ဦးဆောင်တဲ့သူက rutoပင်...။

RISK & ROMANCEWhere stories live. Discover now