> 2 <

407 47 1
                                    

Unicode

ဝန်ဘင်း အထက်တန်းတတိယနှစ်ကဖြစ်မယ်။

ပိုးကြေးပန်းကြေးရခဲ့ဖူးတဲ့လက်ဆောင်တွေထဲမှာ ထူးထူးဆန်းဆန်း ပန်းတွေလည်းစပြီးပါလာခဲ့တဲ့အချိန်ပေါ့။

အလယ်တန်းကျောင်းသားအရွယ် လူပျိုပေါက်ဘဝတည်းက ကျောင်းရဲ့popular boyလေးဖြစ်တဲ့ဝန်ဘင်းအနေနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင်လက်ဆောင်တွေလက်ခံရရှိခဲ့ပေမယ့် တစ်သီးတစ်သန့်နေတတ်ပြီး စာကိုပဲအာရုံစိုက်ချင်ခဲ့တဲ့ဝန်ဘင်းအတွက်တော့ အဲ့ဒီလက်ဆောင်တွေကို ကျေးဇူးတင်စွာလက်ခံခဲ့ရုံအပြင်ဘာမှမပိုခဲ့။

နောက်ဆုံးနှစ်မှာရရှိခဲ့တဲ့ အဲ့ဒီပန်းတွေကိုပဲစိတ်အနှောင့်အယှက်ဖြစ်ခဲ့တာ။ ပြီးတော့ ပန်းတွေနဲ့အတူ ချောကလက်တွေ ဂျယ်လီတွေပါ ပါလာတတ်သေးတယ်။ ဘယ်လိုမိန်းကလေးကများ ယောကျ်ားလေးတစ်ယောက်ကိုပိုးပန်းတဲ့နေရာမှာ ပန်းတွေကိုအသုံးပြုတတ်ပါသလဲ၊ ပြီးတော့ အဲ့ဒီအချိုမုန့်လေးတွေကိုရောပေါ့။

အားလုံးထဲမှာမှ အဲ့ဒီတစ်ယောက်ကို ဝန်ဘင်းပိုပြီးသိချင်ခဲ့ပေမယ့် သိဖို့မကြိုးစားခဲ့သလို အဲ့ဒီပန်းတွေရဲ့ပိုင်ရှင်ကလည်း ဝန်ဘင်းသိအောင်ကိုယ်ထင်မပြခဲ့ပါဘူး။ ဝန်ဘင်းဘက်ကတော့ ရှင်းပါတယ်၊ သူ စာကိုပဲအာရုံစိုက်ချင်တယ် ပြီးတော့  အနာဂတ်မှာလုပ်ဖို့ရွေးချယ်ထားတဲ့ သူ့အလုပ်ကလည်း ဒီလိုအချစ်ရေးအချစ်ရာတွေနဲ့ကင်းရှင်းလေကောင်းလေမို့လို့ပဲ။

တစ်ဖက်လူကရော ဝန်ဘင်းကို ဘာလို့မသိစေချင်ခဲ့တာဖြစ်မလဲ။ ဒါက ဝန်ဘင်း အထက်တန်းနောက်ဆုံးနှစ်စ,မှာ အမြဲစဉ်းစားနေကြ အကြောင်းအရာတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။

အဲ့ဒီနေ့မတိုင်ခင်ကအထိပေါ့။

Vocal classရှိလို့ ညကကုမ္ပဏီမှာပဲအိပ်လိုက်ရတာကြောင့် မနက်ခင်းကြ အိမ်ကိုမဝင်တော့ဘဲ ကျောင်းကိုစောစောရောက်လာခဲ့တဲ့အဲ့ဒီနေ့။

အတန်းထဲကို တန်းတန်းမတ်မတ်ဝင်တော့မယ့်ခြေလှမ်းတွေက သူ့ခုံအောက်နားမှာမြင်လိုက်ရတဲ့ခေါင်းလုံးလုံးလေးတစ်ခုကြောင့် တုန့်ခနဲရပ်တန့်သွားရတယ်။ လိုတာထက်ပိုပြီးတိုနေတဲ့ဆံပင်တွေရယ်နဲ့ နောက်ကနေမြင်နေရတဲ့ပုခုံးပြင်ကျယ်ကျယ်ကြောင့် သူ့ကိုလက်ဆောင်လာပို့တဲ့သူတော့မဖြစ်နိုင်။

Say YES To Me (COMPLETED)Where stories live. Discover now