အခန်း 16

253 42 0
                                    


အခန်း 16

ကျန်းချန် နှင့် ရှောင်ပေါ်ဟန် တို့သည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြဘဲ ဘတ်စကတ်ဘောဂိမ်းတစ်ခုသာ အတူကစားဖူးသည်။

ရှောင်ပေါ်ဟန် သည် ယန်ချိန် ဒုတိယတန်းတွင် ထွက်ခွာခဲ့ပြီးနောက် လျိုရှောင်မိန် သည်လည်း သူနှင့် ဆက်ဆံရေး သိပ်မရှိပေ။

ရှောင်ပေါ်ဟန် သည် သူတို့ သုံးယောက်သား၏ စားပွဲပေါ်သို့ရုတ်တရက် ပေါ်လာသည်။ လူတိုင်းက အနည်းငယ် နေရခတ်ကာ ရှက်ရွံ့ကြသဖြင့် စကားများများစားစား မပြောဘဲ ထမင်းကိုသာ အမြန်ပြီး‌ အောင်စားလိုက်ကြသည်။

ငွေရှင်းခါနီးတွင် ရှောင်ပေါ်ဟန် က နှစ်ကြိမ်ခန့် ချောင်းဟန့်ပြီး "အရင်က ပန်းကန်ကိုပါ ထည့်ရှင်းလိုက်ပါ"

စားပွဲထိုးက အကြာကြီး အံ့အားသင့်သွားပြီး ယဉ်ယဉ်ကျေးကျေး ပြုံးကာ "မဟုတ်ပါဘူး သခင်လေး ပန်းကန်ကွဲတာ ကျွန်တော်တို့အပြစ်ပါ။ မင်းကိုမထိခိုက်ခဲ့ပေမယ့် ကျွန်တော်တို့လဲတကယ်စိတ်မကောင်းပါဘူး"

ရှောင်ပေါ်ဟန် က သူ့ကတ်ကိုထုတ်လိုက်ပြီး "ထားလိုက်ပါတော့"

စားပွဲထိုးက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ရှောင်ပေါ်ဟန် က မန်နေဂျာကို တိုက်ရိုက်ဖုန်းဆက်ခဲ့ကာ အနှစ်ပွဲလုံးအတွက်ပါ ပေးချေမှုအပြည့်ပေးချေထဲ့သည်။

စားသောက်ဆိုင်မန်နေဂျာသည် ဤကဲ့သို့ "ရိုးသားသော" လူကို တစ်ခါမျှ မတွေ့ဖူးပေ ။ စားသောက်ကုန်လုပ်ငန်းတွင် ဖောက်သည်များသည် ပန်းကန်များနှင့် တူများကို မတော်တဆ ချိုးမိခြင်းသည် ပုံမှန်ဖြစ်ပြီး လျော်ကြေးတောင်းရန် မဖြစ်နိုင်ပေ။ မထင်မှတ်ပဲ၊ ဒီလူငယ်ဟာ ပိုက်ဆံလျော်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပုံရ၏။

မန်နေဂျာက ‌နင်အာတို့လေးယောက်ကို စားသောက်ဆိုင်ထဲမှ လိုက်ပို့ပြီး ရှောင်ပေါ်ဟန် ကို လေးလေးစားစား အကြည့်ဖြင့် ကြည့်နေ၏။

*ဒီကမ္ဘာမှာ တကယ်ကို ရိုးသားတဲ့သူတွေ ရှိတာပဲ။*

‌နင်အာ ၊ "???"

အပြစ်ရှိတယ်လို့ ခံစားမိသော ရှောင်ပေါ်ဟန် "... "

ပြပွဲကို နေ့လည် ၂ နာရီမှာ စဖွင့်ခဲ့ပြီး သူတို့လေးယောက်က သူတို့ မရောက်ခင် တစ်နာရီလောက် စောင့်ခဲ့ရ၏။ ထိုအချိန် ကုန်တိုက်တစ်ပတ် လျှောက်သွားကြ၏။

A LITTLE LOVE SONG {Complete} Where stories live. Discover now