Episode-1 (zawgyi + uni)

1.3K 19 0
                                    

                       I was reborn
         in the story of my own fiction

(Zawgyi)

2022,May-3

အလင်းရောင်မှိန်ပြပြအခန်းငယ်ထဲရှိ စားပွဲတွင်စာအုပ်များရှုပ်ပွကာထိုစာအုပ်ပုံကြားထဲ laptop screen ကိုစိုက်ကြည့်လိုက်၊ လက်ကစာရိုက်လိုက်လုပ်နေသောစာရေးဆရာမပေါက်စလေးတစ်ဦး။
ထိုစာရေးဆရာမလေးက Wattpadဆိုတဲ့ Platform တစ်ခုမှာ LGBTQ community ထဲကလူတွေသာနားလည်ပေးနိုင်တဲ့စာ‌များကိုရေးလေ့ရှိသူ။ ရှင်းရှင်းပြောရရင် BL fiction တွေသာရေးတတ်သူပင်။ သူရေးတဲ့စာတွင် တစ်ချို့ဟာ ငြိမ့်ငြိမ့်လေးနဲ့ 1930 ဘက်သွားသော ဇာတ်လမ်း၊ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်
လမ်း၊ တစ်ချို့ကတော့ waring ပါသောဇာတ်လမ်း
ဖြစ်သည်။ အဲ့ဒီထဲကမှတစ်ချို့ဇာတ်လမ်းတွေကိုစာအုပ်
အဖြစ်ကောင်အထည်ဖော်ထားသေးသည်။

သို့ပေသည့်လူတစ်ချို့ဟာBL ဆိုတဲ့သဘောကိုလက်မခံနိုင်သေးတာကြောင့် သူထုတ်တဲ့စာအုပ်တွေ ရေးတဲ့စာကို‌အောက်တန်းစားစာပေဟုဆိုတာကဲ့ရဲ့ပြစ်တင်ကျတယ်။ သူကတော့ ဒါတွေကိုသာ ကျွန်မလိုက်ဂရုစိုက်နေရင် အစထဲဒီအလုပ်ကိုမစခဲ့ဘူးဟု ပြောတတ်သူပင်။
တကယ်လဲ ဂရုမစိုက်တတ်တဲ့သူမို့ အခုပင်သူ့ဇာတ်လမ်း 6 ခုမြောက်ရဲ့ နောက်ဆုံးအပိုင်းကိုလက်စသတ်နေခြင်း
ဖြစ်၏။ထိုကောင်မလေးနာမည်ကတော့ ၀န်းငယ်။
ကလောင်နာမည်ကတော့ marry (မယ်ရီ) ။

" အား...ရေးနေရင်းကို အတွေးက block ဖြစ်ပြန်ပြီး ချီးလိုပဲ ဒါပြီးရင်ဇာတ်သိမ်းပြီးကို နောက်ဆုံးပိုင်းမှလာတစ်   နေတယ်"

တကယ်က သူစဉ်းစားမရခြင်းထက်သူခံစားနေရတဲ့ မိသားစုပြဿနာတစ်ချို့ကြောင့် mental breakdown ဖြစ်ကာ စာပေါ်အာရုံမရောက်ခြင်းဖြစ်၏။
ဇာတ်သိမ်းကိုရေးလိုက် စိတ်အလိုမကျရင်ပြန်ဖျက်လိုက်နဲ့
ဗျာများနေတာကြောင့်ကြာနေခြင်းသာ။
Happy ending ကြီးဆိုလဲရိုးနေမလားဆိုပြီး sad ending ရေးကြည့်ပြန်တော့ ကိုယ်တိုင်စိတ်ထဲမအီမသာဖြစ်လာလို့အကုန်ပြန်ဖျက်လိုက်၏။

" Screen time များသွားလို့လားမသိ ‌ဇက်ကြောတက်လာပြန်ပြီ၊ အင်း...အချိုဓာတ်လဲလိုအပ်နေတာမို့ မုန့်သွားဝယ်လိုက်ပါဦးမယ်လေ အညောင်းပြေအညာပြေလမ်းလဲလျှောက်ဦးမယ်"

I was reborn in the story of my own fictionWhere stories live. Discover now