Part_7

594 23 0
                                    


"ထာဝရဘုရားသည် ကောင်းမြတ်တော်မှု၍ ဂရုဏာတော်အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။"(၃)

"ကဲ အားလုံးဘဲကျွန်တော်တို့အတူတူ ဘုရားသခင်ကိုချီးမွမ်းကြရအောင်။"

အယ်စေးဝါးဦးဆောင်ကာ ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ပြီး ရောက်ရှိလာတဲ့အသက်တော်အားလုံးသည် ဘုရားရဲ့မျက်မှောက်တော်ထဲကို တိုးဝင်ကြလေသည်။

သံစဉ်တွေနဲ့အတူ ကခုန်ချီးမွမ်းကိုးကွယ်နေကြတာ မောတယ်လို့တောင်မရှိပေ။သံစဉ်တွေနဲ့ချီးမွမ်းကိုးကွယ်ပြီးနောက်မှာ ဆရာပြောပြလာတဲ့ဘုရားရဲ့နှုတ်ကပတ်တော်တွေခံယူပြီး တရားဟောခြင်းအစီအစဉ်စတင်လေသည်။

စာအုပ်နဲ့ဘောပင်ကိုမြဲမြံစွာကိုင်ဆောင်ထားပြီး ဆရာဟောကြားတဲ့တရားတော်တွေထဲက အဓိကအချက်တွေလေ့လာသင်ယူရမယ့်အရာတွေ ဘုရားစကားတွေကို လိုက်မှတ်သားကြသည်။

"အယ်စေးဝါး စားပြီးရင်ဆရာ့ကို ဒီဆေးလေးသွားဝယ်ပေးအုံးနော်။"

"ဟုတ် ဆရာကျွန်တော် ပြီးရင်သွားလိုက်မယ်ဆရာ။"

"အေးအေး ပြီးရင်ပိုက်ဆံလာယူနော်။"

"ဟုတ်"

ထမင်းစားရန်ပြင်နေကြသည့် လူငယ်ဝိုင်းတွင်အယ်စေးဝါးနဲ့စုစုငြိမ်းက အမြဲနောက်ကျ၍နှစ်ယောက်တည်းသာ ဘေးထွက်စားဖြစ်သည်။

"အယ်စေးဝါး စောနတုန်းကဆရာနဲ့စကားပြောနေတဲ့အစ်ကိုကြီးကဘယ်သူလည်းမသိဘူး။"

"မသိဘူးလေ။"

"ငါမှားတာ ငါမှားတာ နင့်ကိုမေးမိတဲ့ငါမှားတာ။"

"သိရင်ပြီးရော စားမြန်မြန်ပြီးရင်လိုက်မှာလား။"

"ဘယ်သွားမို့လဲ။"

"ဆရာကဆေးဝယ်ခိုင်းထားလို့"

"မလိုက်တော့ပါဘူးဟာ ငါ့အိမ်ကရာသီဥတုမကောင်းဘူးခုတောင်ငါထွက်လာတာမသိဘူး အဖေနဲ့အမေရန်ဖြစ်ထားကြလို့။"

"အေး ဒါဆိုလည်းစားပြီးရင်မြန်မြန်ပြန် ငါလိုက်ပို့ပေးမယ်။"

နှစ်ယောက်သားစကားလေးတပြောပြောနဲ့စားလိုက်ဆော့လိုက်နဲ့ပတ်ဝန်းကျင်ကိုမေ့နေသည်။ချစ်စရာကောင်းအောင်ရယ်နေတဲ့ကရင်လေးကို အဝေးတစ်နေရာကငေးနေတဲ့သူရှိတာ မသိကြပေ။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now