********†***********†*
ဒီနေ့အမိုးဆုံးတာ၇နှစ်ပြည့်တဲ့နေ့မို့ အယ်စေးဝါးတစ်ယောက် အမိုးရဲ့မြေချရာမြေပုံလေးကို ရှင်းလင်းနေသည်။အမြဲတမ်းမလာဖြစ်ပေမယ့် နှစ်လသုံးလတစ်ခါတော့ လူကြုံနဲ့လိုက်လာဖြစ်တဲ့အမိုးရဲ့မြေပုံလေးမှာ မြက်ရိုင်းတစ်ချို့ပေါက်နေတတ်သည်။

မြက်တွေကိုရှင်းလင်းပြီး သပ်သပ်ရပ်ရပ်လေးဖြစ်အောင်တော့ လာတဲ့အခါတိုင်းရှင်းပေးဖြစ်သည်။

"မိုးမိုး ဒီနေ့ဆိုသားကိုထားခဲ့တာ (၇)နှစ်ရှိခဲ့ပြီနော်။အမိုးမြင်စေခြင်တဲ့ ဘွဲ့ဝတ်စုံနဲ့သားကိုတောင် အမိုးမစောင့်တော့ဘူး။"

ကျလာတော့မယ့် မျက်ရည်တွေကိုထိန်းထားရန် မိုးကောင်ကင်ပေါ်မော့လိုက်သည်။

"နောက်ထပ်(၂)နှစ်နေရင် သားကဘွဲ့ရတော့မှာလေ။ဘုရားသခင်က မိုးမိုးကိုပြန်ခေါ်တာစောလွန်းတယ် သိလား။

ပင့်သက်ရှိုက်ရင်း မြေပုံဘေးမှာထိုင်ချလိုက်သည်။

"မိုးမိုးက ကောင်းကင်နိုင်ငံမှာအေးချမ်းနေတယ်မလား။"

နောက်ထပ်(၂)နှစ်နေရင် ဘွဲ့ရတော့မယ်။ဘွဲ့ယူပြီးတာနဲ့ ဆရာစေလွှတ်တဲ့ကျမ်းစာကျောင်းကိုသွားတတ်ရတော့မယ်။

အမိုးဆုံးပြီးတာနဲ့ ဆရာကအစစအရာရာပံ့ပိုးပေးပြီးကျောင်းဆက်ထားပေးသည်။ဆယ်တန်းအောင်ပြီးတာနဲ့ အဝေးသင်တတ်ကာ ကျောင်းလခအတွက်တစ်ဖက်တစ်လမ်းက ကူညီဖော်ရအောင်ဆေးကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်သည်။

"အယ်စေးဝါး ပြန်ကြစို့ခနနေမိုးချုပ်တော့မယ် ဆိုင်ကယ်ဆီဖြည့်ရအုံးမှာ။"

"ပြန်ကြမယ်လေ မြတ်သူဆီဖိုးငါထည့်ပေးမယ်နော် ဆရာဆီမတင်ပြနဲ့တော့။"

"အေးပါကွာ လာပြန်စို့ အမိုးကျွန်တော်တို့ပြန်တော့မယ်နော်။အယ်စေးဝါးအတွက် စိတ်ချနော်ကျွန်တော်တို့အားလုံး ဂရုစိုက်ပါတယ်။"

"မိုးမိုး သားပြန်ပြီ ဘုရားသခင်ရဲ့အရိပ်အောက်မှာမိုးမိုးတစ်ယောက် အေးချမ်းနေမှာသားယုံကြည်တယ်။"

သုသာန်ကနေ ထွက်လာခဲ့ပြီး ဆိုင်ကယ်မောင်းလာခဲ့သည်။ဖြတ်သွားရတဲ့ လယ်ကွင်းတွေကစိမ်းစိုနေတော့ စိတ်ကိုလန်းဆန်းစေသည်။ဆိုင်ကယ်ကို ကိုယ်တိုင်မမောင်းတတ်ပေမယ့် သူများနောက်ကနေထိုင်စီးရတာကိုသိပ်သဘောကျသည်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Où les histoires vivent. Découvrez maintenant