လုံးကစ်ကစ်လေးနဲ့ ပါးလေးနှစ်ဖက်ကိုဖောင်းနေအောင်မုန့်တွေဝါးထားပြီး ပြေးလာနေသည်။

"မိုးမိုး ချရာက ယီနေ့ည ကျောင်းမှာလာအိပ်တဲ့။"

"ဟေ ဘာလို့ပါလိမ့်။"

ကရင်အင်္ကျီ အပြာလေးနဲ့ကလေးလေးက ဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာကောင်းလှသည်။မိခင်နို့မစို့ရပေမယ့် ဝကစ်နေကာ အသားတွေမှာကျစ်လစ်လှသည်။

နော်မူးဝါးရဲ့ဂရုတစိုက်စောင့်ရှောက်မှု့အောက်မှာ ကောင်းစွာကြီးပြင်းလာခဲ့တာ ၅နှစ်တောင်ရှိခဲ့ပြီ။စကားကတော့မပီပေ။

"ဆရာ အမိုးကိုကျောင်းမှာအိပ်ခိုင်းတယ်ဆို။"

"ဟုတ်တယ် အမိုး ဒီနေ့ညမန်းလေးက ဧည့်သည်လာမှာမို့လာတာညဉ့်နက်တော့ မနက်အတွက် အဆင်သင့်ဖြစ်အောင် ဒီညကျောင်းမှာအိပ်ခိုင်းလိုက်တာ။"

"မနက် Sunday school ရှိသေးတော့ တိုက်နေတာဘဲ။ရတယ်ဆရာ အမိုးတို့သားမိဒီည ဒီမှာအိပ်လိုက်ပါ့မယ်။"

"ဖိုးခွား ဆရာနဲ့လာအိပ်မှာလား။"

"ဟင့်အင်း မိုးမိုးနဲ့ဘဲ တိတ်မှာ။"

"အေးပါကွာ လူလည်လေး မနက်စောစောထ ဆရာမတွေစောစောလာမှာ။"

"ဟုတ်။"

ကျောင်းဝင်းထဲကိုပြေးပတ်ကာ ကစားနေတဲ့ ကရင်ပေါက်စလေးက တအားချစ်ဖို့ကောင်းသလိုမပီကလာနဲ့စကားလည်းတတ်လွန်းသည်။
ကျမ်းစာကျောင်းတတ်နေတဲ့ လူပျိုလေးတွေအပျိုလေးတွေရဲ့အသည်းကျော်လေးတစ်ဦးလည်းဖြစ်သည်။

နော်မူးဝါးကတော့မနက် ကျမ်းစာတတ်မယ့်ကလေးငယ်တွေအတွက်ကျွေးဖို့ရာ မုန့်တွေကို ထည့်နေသည်။မနက်ခင်းမှာကလေးတွေအတွက် Sunday schoolအစီအစဉ်ရှိပြီး နေ့လည်ပိုင်းမှာ Sunday Worship serviceအစီအစဉ် လူငယ်အစီအစဉ်တွေရှိတာကြောင့် အကျွေးအမွေးလည်းရှိတော့ တနင်္ဂနွေနေ့တစ်ရက်ဟာ ကျန်ရက်များထက် ပိုအလုပ်ရှုပ်ကြသည်။

လူလည်လေးတစ်ယောက်ကတော့ ကစားလို့အားဝသွားတော့ ကိုယ်လက်သန့်ရှင်းကာ နော်မူးဝါးခွံ့ကျွေးတဲ့ညစာ စားပြီးတစ်ချိုးတည်းအိပ်ပျော်သွားလေသည်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now