အခန်း(၂၇)

Start from the beginning
                                    

“ဒါဆိုရင် ဆိုင်ရှင်လေး၊  ငါ့ကို နောက်တစ်ပွဲ ထပ်ပေးပါ။ ငါဗိုက်မပြည့်သေးဘူး"
တကယ်တမ်း အဘိုးအိုက စားသုံးသူ တစ်ဦးလျှင် ဟင်းတစ်ပွဲသာ မှာယူခွင့်ရှိသော သတ်မှတ်ချက်ကို သတိထားမိသည်။ သို့သော်လည်း သူက အရသာရှိသော ဟင်းလျာကို နောက်တစ်ကြိမ် စားသုံးခွင့်ရရန် စာမတတ်သူအဖြစ် ဟန်ဆောင်ခဲ့သည်။

"ကျွန်တော်တစ်ကယ်စိတ်မကောင်းပါဘူး။ နံရံမှာ စည်းမျဉ်းတွေ ရေးထားပါတယ်” ယွမ်ကျိုး က သူ့နောက်က နံရံကိုကြည့်ရန် အဘိုးအိုကို အရိပ်အမြွက်ပြောသည်။

“ဆိုင်ရှင်လေး၊ မင်းဆိုင်ရဲ့ စည်းကမ်းတွေက လိုက်နာဖို့ လိုအပ်ပေမဲ့ လိုက်လျောညီထွေရှိသင့်တယ်လေ။ ငါ့လို အဘိုးအိုကြီး ဗိုက်ဆာနေတာကို မင်းကြည့်ရက်နိုင်လို့လား" အဘိုးအိုက နံရံကို မကြည့်ဘဲ ယွမ်ကျိုးကို ငေးစိုက်ကြည့်ကာ အဘိုးအိုဟုသော အသုံးအနှုန်းဖြင့် အသနားခံသည်။

ထိုစကားသံကြောင့် ရှောင်လုံပေါင်းစားနေသော တခြားစားသုံးသူများက ယွမ်ကျိုးကို ငေးကြည့်လာသည်။

သူတို့ကလည်း ယွမ်ကျိုးကို နည်းမျိုးစုံဖြင့် ချီးမွမ်းကြပြီး သူတို့အားလုံး၏ ရည်ရွယ်ချက်က နောက်တစ်ပွဲ ထပ်စားရန် ဖြစ်သည်။

“သူဌေး၊ ဒီမှာ ပဲနို့တောင် မရောင်းပေးဘူး။ ဒါကြောင့်မို့ ရှောင်လုံပေါင် နောက်တစ်ပွဲ ထပ်ရောင်းပေးသင့်တယ်လေ"

“အပြင်ဘက် လမ်းပေါ်မှာ ပဲနို့ရောင်းတဲ့ ဆိုင်တွေ အများကြီးရှိတယ်။ အပြင်မှာဝယ်သောက်လို့ရတယ်လေ"

ယွမ်ကျိုး၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် လူတိုင်း ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် ရှောင်လုံပေါင်း ဖက်ထုပ်ဝယ်ရန် စောင့်ဆိုင်းနေသူ အများအပြား ရှိသောကြောင့် သူဌေး၏ စီးပွားရေးလုပ်ငန်းကို များစွာ မထိခိုက်စေနိုင်ပေ။ ထို့ကြောင့် စားသောက်ဆိုင်ထဲရှိ စားသုံးသူများသည် စိတ်မချမ်းမသာဖြင့် ဆိုင်မှ ထွက်ခွာသွားသည်။

ယွမ်ကျိုး စားလိုက် သော ဖက်ထုပ် ၄ လုံးမှလွဲ၍ ကျန် ၉၆ လုံးကို တစ်နာရီအတွင်း ရောင်းထွက်သွားခဲ့သည်။
သို့သော်လည်း အလုပ်ချိန် ၅ နာရီသာ ကျန်တော့ကြောင်း စနစ်က ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ယွမ်ကျိုးသည် အနည်းငယ် စိတ်ဓာတ်ကျနေသောကြောင့် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now