အခန်း(၂၆)

Start from the beginning
                                    

ထို့နောက် ယွမ်ကျိုးက  စောစောဖောက်ထားသော အ‌ပေါက်‌လေးမှတစ်ဆင့် ရှာလကာရည်အနည်းငယ်ကို လောင်းထည့်လိုက်ပြီး ကောက်ယူကာ ဖက်ထုပ်တစ်ခုလုံး စားလိုက်သည်။

ပါးလွှာသော ဖက်ထုပ်သား နှင့် ရှာလကာရှည်၏ မွှေးကြိုင်သော ရနံ့ကြောင့် ဖက်ထုပ်၏အရသာပိုကောင်းမွန်လာသည်။

ယွမ်ကျိုးသည် ဖက်ထုပ်‌ပေါင်းတစ်ခုတည်းဖြင့် မတင်းတိမ်နိုင်သောကြောင့် ဗိုက်မပြည့်မချင်း လေးခုကုန်အောင် စားသည်။

ပေါင်းထားသော ဖက်ထုပ်သည် လက်သီးဆုပ်အရွယ်ခန့်ရှိသောကြောင့်  အရွယ်ရောက်လူကြီးတစ်ယောက် ဗိုက်၀ရန် လုံလောက်သည်။

သို့သော်လည်း ယွမ်ကျိုးက ထမင်းကြော် တစ်ပွဲ နှင့်  ဖက်ထုပ် ၄ခုကို တစ်ထိုင်တည်း စားလိုက်သည်။ ရှောင်လုံပေါင်း ဖက်ထုပ်၏ အရသာကို တွေးကြည့်နေရန်ပင် မလိုအပ်ချေ။

"ဒါက ဘာအနံ့လဲ အရမ်းမွှေးတာပဲ"

ယွမ်ကျိုးက ဆိုင်ပိတ်ကာ ရှောင်လုံပေါင်းဖက်ထုပ် စားသောက်နေစဉ် မိုးလင်းခါစ အချိန်ဖြစ်သောကြောင့် လမ်းသွားလမ်းလာများ ရှိသည်။ ကျန်းမာရေးအရ လမ်းလျှောက်ထွက်သူ နှင့် အလုပ်သွားသော ဖြတ်သွားဖြတ်လာများ ဖြစ်နိုင်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ထဲမှ မွှေးကြိုင်လွန်းသော ရနံ့ကြောင့် မနေနိုင် မထိုင်နိုင် မေးမြန်းခြင်း ဖြစ်သည်။

သီအိုရီအရ၊ စနစ်၏ထိန်းချုပ်မှုကို ခံရသော စားသောက်ဆိုင်တွင် ယွမ်ကျိုး နှင့်  ဟင်းပွဲမှာယူသော ဧည့်သည်သာ ဟင်းလျာ၏မွှေးကြိုင်မှု ရနံ့ကို ခံစားနိုင်သည်။ စားသောက်ဆိုင်ထဲရှိ တခြားသူများကလည်း ဟင်းပွဲ အနီးအနား ရောက်မှသာ အနံ့ခံနိုင်သည်။

ထိုမှသာ ဆိုင်ရှိတခြားသူများကိုစိတ်အနှောင့်အယှက် မပေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက ဆိုင်မဖွင့်ခင် ရှောင်လုံပေါင်းအရသာကို မြည်းစမ်းကြည့်နေ၍ စနစ်က ဆိုင်မဖွင့်သေးဟု ယူဆကာ နည်းပညာအတည်မပြုသေးခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ပြင်ပမှတခြားသူများက ဟင်းပွဲ၏ရနံ့ကို အာရုံခံနိုင်ခြင်း ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now