17 - 1300

105 6 2
                                    

Unicode

အပိုင်း (၁၇)

လုံထန်တပ်စွဲထားသည့် ရှနယ်မြေလည်း ကျရှုံးခဲ့သည်။ တစ်ညနှင့်နေ့တစ်ဝက်မှာပင် နယ်မြေနှစ်ခု မရှုမလှ လက်လွှတ်ခဲ့ရသည်။

အဆိုးဆုံးက လူ လူချင်း၊ လက်နက် လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ပြီး အရေးနိမ့်ခဲ့ရတာမဟုတ်ပဲ လူမဟုတ်သည့် မိစ္ဆာတို့ကြောင့် အထိအခိုက်များကာ စစ်သည်တို့လည်း မြောက်များစွာ ဆုံးရှုံးခဲ့သည်။

"မင်းသားကိုယ်တိုင် ထွက်တိုက်တော့မလို့လား"

"လုံထန်နဲ့ စစ်သူကြီးချွန်းတို့အများကြီး တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ၊ ကျွန်တော်တစ်လှည့် တာဝန်ယူရမှာပေါ့၊ ပေးဆပ်လိုက်ရတဲ့ အသက်ပေါင်းများစွာအတွက် မှန်ကန်သော တရားမျှတမှုနဲ့ ငြိမ်းချမ်းစေရမယ်"

"လုံထန်ဖြင့် သိပ်ဝမ်းသာမိကြောင်းပါ"

ယခု သူတို့အားလုံး ရှင်းပြည်၏ အစည်းအဝေးပြုလုပ်ရာအဆောင်တွင်ဖြစ်သည်။ ရိပေါ်လည်း ရှောင်းကျန့်နဲ့အတူတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်‌သည်။ မင်ချွန်းကတော့ ရှောင်းကျန့်ပြောတာနားထောင်ရင်း ထိုက်လူမျိုးတွေ နောက်ထပ်နယ်ကိုမကျူးကျော်မှီ ဘယ်လိုခံစစ်တည်ဆောက်ရမလဲပါ အစီအစဉ်ချနေသည်။

"ကျယ်နယ်ကို လက်လွှတ်လိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ်မင်းသား"

"စစ်သူကြီးဆိုလိုတာက တောင်ဘက်နယ်မြေအကုန်လုံးကို ထိုက်လက်ထဲထည့်ပေးဖို့လား"

"မှန်ပါတယ်၊ သူတို့ တောင်ဘက်မှာရှိတဲ့ နယ်မြေလေးခုလုံးကိုရဖို့ လေးနှစ်ခြေကုတ်ယူခဲ့ရတယ်၊ အ‌နောက်ဘက်နယ်မြေလေးခုကိုရဖို့ဆိုရင် သူတို့ဘက်က အများကြီးပြန်ထူထောင်ရမှာ၊ သို့ပေမဲ့ သူတို့မှာ အမှောင်လမ်းစဉ်တွေရှိတဲ့အတွက် ... အဟွတ်အဟွတ် ကျယ်နယ်မှာ အင်အားအနည်းငယ်တပ်ဖြန့်ပြီး အနောက်ဘက်နယ်ရဲ့ ဆိပ်ကမ်းတည်ရာစူးနယ်မှာ ကျစ်လစ်တဲ့ခံစစ်နဲ့ ဂါထာအင်းကွက်တွေ အချိန်မှီ နေရာချရပါမယ်"

"လုံထန်လည်း စစ်သူကြီးချွန်းပြောတာကိုထောက်ခံတယ်၊ ကျယ်အတွက် အင်အားလျှော့ပြီး စူးမှာ အင်အားကောင်းတဲ့တပ်ကိုစွဲတာက ပိုပြီးသေချာလိမ့်မယ်"

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now