final - page 🖇️

1.3K 157 51
                                    

Page (7) ဘ၀၏မဖြည်နိုင်တော့သော ကြိုးထုံးကလေး။

Make - up room ထဲကထွက်ထွက်ချင်း တဖျတ်ဖျတ်ရောက်လာတဲ့မီးရောင်တွေကြောင့် လီဆာ မျက်နှာကိုလက်ဖြင့်ကွယ်လိုက်ရသည်။ မျက်လုံးကိုခပ်ဖြည်းဖြည်းပြန်ဖွင့်ကြည့်တော့ သတင်းထောက်တစ်ချို့နဲ့အတူ မင်ဂျွန်းကပါ လီဆာ့ရှေ့မှာရပ်နေတာ။

" အစ်မ "

ဘေးမှာလာရပ်ရင်း မင်ဂျွန်း လီဆာ့ခါးကိုဆွဲဖက်လိုက်သည်နှင့် ကင်မရာမီးရောင်တွေ ထပ်မံလင်းသွား၏။ မင်္ဂလာပွဲပြီးမှ မီဒီယာကိုအသိပေးကြဖို့ လီဆာနဲ့တိုင်ပင်ထားရက်နဲ့ မင်ဂျွန်းဟာစိတ်တိုင်းကျလုပ်ပြန်သည်။ အံကြိတ်မိသွားလည်း လီဆာထပ်ပြီးသည်းခံရတာပါပဲ။

လူရှေ့မှာ ဖိအားတွေနဲ့ လက်ထပ်ခွင့်အတောင်းခံရတုန်းကရော၊ ဆော့ချိုကိုခေါ်သွားခံရတုန်းကရော ဘာမှပြောနိုင်ခဲ့တာမဟုတ်။ ကိုယ့်သဘောနဲ့ကိုယ်ပဲ မင်ဂျွန်းကိုဘ၀ထဲခေါ်သွင်းခဲ့မိတာ​လေ။

" နောက်ဆုံးတစ်ပုံဗျ လီဆာရှီကိုနမ်းပေးပါဦး "

" အားနာပေမယ့် ကျွန်မတို့ waiting room ကိုသွားရတော့မှာမို့ ဒီလောက်နဲ့ပဲ ..

" မကြာပါဘူး အစ်မရယ် "

ပြောပြောဆိုဆို နှုတ်ခမ်းကိုဖိကပ်နမ်းလာတော့ ခန္ဓာကိုယ်ပင် အနောက်သို့ယိုင်သွားရသည်။ ပျက်သွားတဲ့မျက်နှာကို ခပ်မြန်မြန်ပြန်ထိန်းလိုက်ပေမယ့် ဒေါသကြောင့် နားရွက်ဖျားတွေပူလာ၏။ ဇာလက်အိတ်အောက်က ချွေးစေးတစ်ချို့နဲ့ အေးစက်နေတဲ့လက်ဖျားတွေကိုလည်း ခန်းမဘက်က ခပ်ပြုံးပြုံးလှမ်းကြည့်နေတဲ့အဖေ့ကြောင့် သည်းခံထားလိုက်ပါသည်။

" သတို့သမီး သူငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ရမယ့်အချိန်ပါ "

မင်္ဂလာပွဲစီစဥ်သူ၏ ထိုစကားကြားမှ ကင်မရာတွေကြားက လီဆာထွက်ခွင့်ရသည်။ ခါးပေါ်ကမင်ဂျွန်းလက်ကို အနည်းငယ်ကြမ်းတမ်းစွာဆွဲဖြုတ်ပြီး ၀န်ထမ်းကောင်မလေးခေါ်ရာနောက် လိုက်လာခဲ့၏။

" အစ်မ ! "

စင်္ကြံလမ်းတစ်လျှောက် ပြေးလိုက်လာတဲ့မင်ဂျွန်းက လီဆာ့ကိုနည်းနည်းမှအလွတ်မပေး။ အဲ့ဒီ့လောက်ထိ မွန်းကြပ်စေဖို့မလိုအပ်ကြောင်း မင်ဂျွန်းနားလည်အောင် ဘယ်လိုပြောပြရမလဲလည်း လီဆာမသိတော့ဘူး။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Apr 11 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

𝐓𝐇𝐄 𝐓𝐔𝐑𝐍𝐄𝐃 𝐏𝐀𝐆𝐄𝐒 [ mini - story ]Wo Geschichten leben. Entdecke jetzt