front - page 🖇️

2.8K 257 55
                                    

Page 1 - ဘ၀သည် ခေါင်းစဥ်အဖုံဖုံနဲ့အခန်းမြောက်များစွာပါတဲ့ ရသစုံစာအုပ်ကြီးတစ်အုပ်။

ကိုယ့်ဘ၀ရဲ့အဓိကဇာတ်ကောင်က ကိုယ်တိုင်ပဲဆိုပေမယ့် လက်ရှိတော့လီဆာက လူများစွာရဲ့ရှေ့မှာ အဓိကဇာတ်လိုက်မင်းသမီးလို ခံစားနေရတယ်။ လီဆာ့ကိုယ်ပေါ်ကျနေတဲ့မီးရောင်ရယ်၊ ကျယ်ကျယ်လောင်လောင်လက်ခုပ်သံတွေရယ်၊ နောက်ပြီး လီဆာ့ရှေ့ဒူးထောက်နေတဲ့ အမျိုးသားတစ်ယောက်ရယ်။

" လက်ခံလိုက် လက်ခံလိုက်!!! "

မော်ဒယ်လ်ရှိုးလျှောက်ရင်း လက်ထပ်ခွင့်အတောင်းခံရမယ်လို့ အမှန်တကယ်မထင်ထားတာမို့ ဆွံ့အနေခဲ့သည်။

" မင်ဂျွန်း အစ်မ ..

" ကျွန်တော့်ကိုလက်ထပ်ပါ .. စတွဲကတည်းက ကျွန်တော်ပြောခဲ့တယ်လေ အစ်မလျှောက်တဲ့ခြေလှမ်းတိုင်းမှာ ကျွန်တော်ဘေးမှာရှိချင်တယ်လို့ ကျွန်တော်အစ်မနဲ့ပဲ အဆုံးထိသွားချင်ပါတယ် ကျွန်တော်တို့ လက်ထပ်ကြရအောင် "

အသက်နှစ်ဆယ့်ခုနစ်ဟာ လက်ထပ်ရမယ့်အရွယ်ကိုရောက်နေပြီမှန်း လီဆာသိသလို တစ်ဦးတည်းကျန်တဲ့အဖေက လီဆာ့ကို မင်ဂျွန်းနဲ့လက်ထပ်စေချင်ပြီမှန်းလည်း လီဆာသိပါတယ်။ လီဆာကိုယ်တိုင်လည်း မင်ဂျွန်းကို နောက်ဆုံးလူအဖြစ် ရည်ရွယ်ပြီးတွဲခဲ့တာပဲ။ ဒါပေမယ့် တကယ်တမ်းလက်ထပ်ခွင့်အတောင်းခံရတော့ စိတ်ဟာဘာတွေကြောင့် ဝေဝါးနေလဲမသိ။ မျက်စိရှေ့ကလက်စွပ်ကို ကြောက်စရာတစ်ခုလိုပဲ လီဆာကြည့်နေမိပါတယ်။

ပြေးနေတဲ့စက္ကန့်တိုင်းက လီဆာ့အတွက်အကြာကြီးလိုပဲ။ ခေါင်းထဲထူပူလာတယ်။ လီဆာဟာဘ၀ကို နှစ်နှစ်နီးပါးတွဲလာတဲ့မင်ဂျွန်းနဲ့ အတူဖြတ်သန်းဖို့ အဆင်သင့်ဖြစ်မနေတာဟာ ဘယ်လိုမတည်ငြိမ်မှုကြီးလဲ။ ဂါ၀န်အနားစတွေကို လက်ဖဝါးနဲ့တင်းတင်းဆုပ်ထားရင်းက မျက်ရည်တွေရစ်ဝိုင်းလာတဲ့မင်ဂျွန်းကိုမြင်တဲ့အခါ လီဆာလွှတ်ချလိုက်သည်။

" အစ် အစ်မ လက်ခံပါတယ် .. အစ်မတို့ လက်ထပ်ကြမယ် "

လက်စွပ်ကိုအလျင်စလိုဆွဲယူရင်း ဘယ်ဘက်လက်သူကြွယ်မှာ ကိုယ့်ဟာကိုယ်စွပ်လိုက်သည်။ ဟေးခနဲထအော်တာ မင်ဂျွန်းရဲ့သူငယ်ချင်းတွေလားတော့မသိ။ လီဆာ့မျက်နှာတစ်ခုလုံးကတော့ မျက်နှာဖုံးကြပ်ကြပ်စွပ်ထားရသလို မွန်းကြပ်စွာရှိန်းတိန်းတိန်းဖြစ်နေခဲ့သည်။

𝐓𝐇𝐄 𝐓𝐔𝐑𝐍𝐄𝐃 𝐏𝐀𝐆𝐄𝐒 [ mini - story ]Where stories live. Discover now