Chapter 3 - ယောက်ျားတယောက်၏ ကိုယ်နံ့

शुरू से प्रारंभ करें:
                                    

ဘာပဲပြောပြော အနှီပွဲရှိ အစားအစာများသည် တကယ်မဆိုးလှပေ။

Hunter သည် ရည်ရွယ်ချက်ရှိရှိနှောင့်ယှက်ခြင်းမခံရသည့် အနှီခံစားချက်အား အတိုင်းအဆမရှိ ပျော်ရွှင်နေပြီး သူရှိသမျှအကုန်လိုက်စားကြည့် နေလေသည်။

သူသည် အခြားသော ကြော်ကြားသည့် ကားပြိုင်သမားများကဲ့သို့ မျက်နှာပေါ်တွင် creamပေမည်အား ကြောက်စရာမလိုသလို, တခြားသော ကားပြိုင်သည့်သူများ, reporter များနှင့်လည်း အလုပ်ရှုပ်နေခြင်းမရှိပေ... ဘဝကြီကတိုလွန်းပါတယ်, ဘာလို့ သူ့ဟာသူ ပျော်နေနိုင်တဲ့အချိန်မှာ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ပုံရိပ်ကို ထိန်းနေစရာလိုလို့လဲ?

အချိုပွဲတစ်ပန်းကန်အား အပြီးသတ်ပြီးနောက်တွင် Hunter သည် တခြားဘက်သို့ ကျေနပ်စွာ လမ်းလျှောက်သွားလေသည်။ ထိုအချိန်တွင် ဝိတ်တာတစ်ယောက်သည် ဗန်းတစ်ခုအား သူ့လက်အတွင်းသို့ ထိုးထည့်ကာ, "ငါတောင်းပန်တယ်ကွာ, အထက်လူကြိးတစ်ယောက် ငါ့ကို ခေါ်နေလို့။ မင်းငါ့ကို ခဏလောက်ကူပေးပါဦး! ကျေးဇူးပါပဲကွာ!"

အလျင်အမြန်ထွက်သွားသော သူအားစိုက်ကြည့်ကာ Hunter ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး တစ်ဖန် သူ့လက်ထဲရှိဗန်းအား ကြည့်လိုက်ပြန်သည်။

တိုက်ဆိုင်စွာပင် McGrady သည် အဖြစ်အပျက်တစ်ခုလုံးအား မြင်သွားပြီး ဝိုင်ခွက်အလွတ်အား Hunter ကိုင်ထားသော ဗန်းထက်သို့ တင်လိုက်လေသည်။

"မင်းကို ဒုက္ခပေးရတော့မှာပဲ, မစ်စတာ- ဝိတ်တာရေ"

ပြောရင်း သူသည် ၁ ဒေါ်လာ မုန့်ဖိုးတောင်တင်ပေးလိုက်သေးသည်။

Hunter သည် သူ၏ မျက်လုံးများအား မှေးကျဉ်းလိုက်လေသည်။ ကြည့်ရတာ McGrady သည် အရင်ပွဲ၌ သူ Duchovny အား မကာပေးလိုက်နိုင်သည်အား ယခုအချိန်ထိ အညှိုးထားနေသေးသည်ထင်၏။နေပါဦး။ အိမ်သာမှာတုန်းက သူကိုရေနဲ့ ပေါက်လိုက်တာကြောင့်လည်း ဖြစ်နိုင်တာပဲ...

ထိုသို့တွေးကာ, Hunterသည် ဒေါ်လာအား အိတ်ထောင်အတွင်းသို့ထည့်ကာ ပြုံးပြရင်း ပါးစပ်အား လှုပ်ပြလိုက်သည်: "ကျေးဇူး"

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧जहाँ कहानियाँ रहती हैं। अभी खोजें