Chapter 3 - ယောက်ျားတယောက်၏ ကိုယ်နံ့

204 37 2
                                    

unicode>>>

Hunter သည် သူရဲ့ နှာခေါင်းအား ပွတ်လိုက်လေသည်, " ဒီလောက်ကြီး မထင်ပေါ်တာကျတော့လည်း နည်းနည်းမများလွန်းဘူးလား?"

သူ စတိတ်စင်ဆီသို့ လျှောက်သွားချိန်တွင် Sauber Motorsport AG မှ Donald အား မထင်မှတ်ပဲ တွေ့လေသည်။

ထိုသူသည် ပြီးခဲ့သောပွဲစဉ်တွင် တတိယနေရာ၌ ချိတ်ကာ အခုအချိန်မှာတော့ အောင်မြင်မှုအထွဋ်အထိပ်သို့ရောက်နေသည်မှာ သူ့ဘေးရှိ အမျိုးသမီးသည်ပင် အလှပဂေးတစ်ပါးပင်။staff တစ်ယောက်သည် အရှေ့သို့တိုး၍ Donaldထံမှ သော့များအား လက်ခံယူစဉ် ထိုသူသည် Hunterဆီသို့ ပစ်ပေါက်လိုက်လေသည်။

အိတ်ထောင်ထဲလက်ထည့်ကာ Hunter သည်နောက်သို့ ဆုတ်လိုက်သောအခါ သော့များသည် သူ၏ ဖိနပ်များအရှေ့သို့ သပ်ရပ်စွာ ကျသွားရသည်။

"ဟေးး!" Donald သည် Hunter အား မျက်ခုံးများပင့်ကာ ဆိုလိုချင်သည်မှာတော့ သိသာစွာ: မင်းဘာလို့ မဖမ်းလိုက်တာလဲ?

Hunter သည် လုံခြုံရေးရှေ့သို့ သွားပြီး ကိုယ်ပိုင် ဖိတ်စာကတ်အားမပေးခင် လက်နှစ်ဖက်လုံးအား အိတ်ထောင်ထဲထည့်ထားကာ ရိုးရိုးရှင်းရှင်းပင် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်မှာမှ staff သည် Hunter အား အလောသုံးဆယ်တောင်းပန်ကာ သော့မျာကို ကောက်လိုက်လေသည်။

သူနှင့် ကား ပါကင်ထားပေးသော ဝန်ထမ်းနှစ်ယောက်လုံးသည်ား ဝတ်ထားသည်ဖြစ်သော်လည်း... အဲ့တာက သူသည် ဝန်းထမ်းအနေနဲ့ လာတာလို့တော့ ဆိုလိုတာမဟုတ်ဘူးလေ.. မဟုတ်ဘူးလား?

**ဝိတ်တာရဲ့ suitsပုံစံက Hunter နဲ့တူနေတာပါ*

" မင်းရဲ့ အော်ရာကိုက အဲ့လို ဖြစ်နေတာပဲ"

သူ၏ အသင်းဖော်... အာ, မှားလို့ ရန်သူလို့ ခေါ်သင့်တာပင်။ McGrady သည် လှောင်ရယ်ကာ သူ့အား ဖြတ်လျှောက်သွားလေသည်။

Hunter သည် ခေါင်းကုတ်လိုက်မိလေသည်, သူရဲ့ အော်ရာသည် ထိုဝန်ထမ်းများနှင့် ဘယ်လောက်တူနေမှန်းသူလည်း နားမလည်နိုင်တော့ချေ။

ညစာစားပွဲ၌ ဝိုင်ခွက်များနှင့် လောင်းစကားကစားသည် chips များသည် ရောယှက်လျက်ရှိနေသည်။ နာမည်ကြီးတစ်ချို့ဟာလည်း ထိုနေရာတွင်ရှိနေသော်ငြား အမောင်းပြိုင်သမားများနှင့် သူတို့၏ မန်နေဂျာတို့သည်တော့ စိတ်ဝင်စားခံရမှုတို့၏ အလယ်မှာပင်။ အသေအချာပင် ဤသူသည်တော့ ထို ထဲတွင်မပါဝင်ပေ

မင်းငါ့ကို လိုက်မစပါနဲ့လား?🤧Where stories live. Discover now