အပိုင်း(2)

Start from the beginning
                                    

"အခုက ငြင်းမရတော့ဘူး သားငယ်ရဲ့''

"ဟင် ဘာလို့ငြင်းမရတာလဲ ဖခင်ရဲ့လက်ခံတယ်လို့မှမပြောရသေးတာ''

"ဖခင်က လက်ခံကြောင်း စာပြန်ပြီးနေပြီသားငယ်ရဲ့''

"ဟင်...ဘယ်တုန်းကပြန်လိုက်တာလဲဖခင်က ''

"ဖခင်ဆီ အကြောင်းကြားစာရောက်လာပြီနောက်နေ့ပဲ ပြန်လိုက်တာ ''

"ဖခင်က ရန်ရန့်ကိုမမေးပဲ လက်ခံလိုက်တာလား ''

"ဖခင် တွေးလိုက်တာသားငယ်လဲ လက်ခံမယ်ထင်လို့လေ 'ချန် 'မျိုးနွယ်ဆိုတာမျိုးနွယ်တွေထဲမှာအင်အားအကြီးဆုံးနဲ့အကျယ်ပြန့်ဆုံးပဲသားငယ်ရဲ့ သားငယ်က သူတို့မျိူးနွယ် ရဲ့အကြီးအကဲနဲ့လက်ဆက်ဖြစ်ရင် လူတကာမော်ကြည့်နေရမှာဖြစ်သလို ဖခင်လဲ အရင်ကထက်အာဏာပိုလာတယ်ဆိုပြီး ''

"အခု ဘယ်လိုလုပ်ကြမလဲ ရန်ရန်က အကြီးအကဲဆိုလို့သာလက်ခံချင်တာ အခုက သားအကြီးဆုံး ဖြစ်ပြီး အရိုက်အရာတောင်မဆက်ခံနိုင်တာ သူ့ကိုယူလိုက်တော့ ရန်ရန် အာဏာကြီးမလာတဲ့အပြင် အနှိမ်ခံရဦးမယ်''

အီရန်တို့ရဲ့မျိုးနွယ်တွေထဲမှာ သားအကြီးဆုံး ကသာအရိုက်အရာကို ဆက်ခံရတာဖြစ်သည်။သား ဘယ်နှစ်ယောက်ပဲ မွေးမွေး အကြီးဆုံး ကသာ ဆက်ခံရတာဖြစ်သည်။ တကယ် လို့အငယ်က အရိုက်အရာဆက်ခံရတာ်ဆိုရင် အကြီး ဆုံး သားက အရိုက်အရာနဲ့မထိုက်တန်သလို နတ်ဘုရားတွေက လက်မခံလို့ပင် ဖြစ်သည်။.အာ့လို လူမျိုးနဲ့လက်ဆက်လိုက်ရင် ရန်ရန့်လဲ သူနဲ့အတူအနှိမ်ခံအပြောခံနေရမှာပင်။အကိုမက်နဲ့ လက်ဆက်လိုက်တာကမှ အချိန်တန် ရင် အကြီးအကဲရဲ့ ပထမဇနီးသည် ဖြစ်လာနိုင်သေးသည်။

"ဒီလို လုပ်ကြမယ်ဖခင်''

"ဘယ်လိုလုပ်မ​လဲ''

ဖခင်ရဲ့နား ကို ကပ်ပြီးအီရန်စဥ်းစားထားတဲ့အတွေးကို ပြောလိုက် တော့ဖခင်က

"ဟင် အဆင်ပြေပါ့မလား သားငယ်''

"ပြေပါတယ် ပြသနာ တခုခုဖြစ်ခဲ့ရင်လဲ ရန်ရန်တို့နဲ့ ဘာမဆိုင်ဘူး လေစိတ်ပူမနေပါနဲ့''

"ဟင်း အာ့တာဆိုလဲ ဖခင်အရင်သွားလိုက်မယ် ပြီးမှ သားငယ် လိုက်ခဲ့ ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now