(1)

82 2 0
                                        

Stranger
~~~~~~~

အချိန်ကား...ည၁၀နာရီစွန်းစွန်း

တစ်နေကုန်စာသင်ချိန်တွေနဲ့အနားမယူရသေး၍
ညစာကျက်ဝိုင်းရောက်တော့လူကငိုက်နေပြီ

"မကြီး စာလေးစစ်ပေးပါဦး"

"အေးအေး"

စာယူစစ်ပေးပြီးနောက်
ဝရံတာရှေ့ထွက်ရပ်လိုက်သည်။
ဆောင်းတွင်းညပိုင်းဖြစ်၍လားမသိ
အရှေ့ခဏထွက်လိုက်တာနဲ့စိမ့်ခနဲနေအောင်အေး
သွား၏။

အိပ်ချင်ပြေအောင်ဟိုကြည့်ဒီကြည့်နဲ့ပတ်ဝန်းကျင်ကိုစူးစမ်းနေရင်း
မျက်စောင်းထိုးတိုက်နှစ်တိုက်ကြားက
အမှောင်ရိပ်မှာတစ်စုံတစ်ယောက်ရပ်နေတာ
တွေ့လိုက်ရသည်။

ကျောင်းသားတွေကိုကြိုဖို့စောင့်နေတဲ့မိဘများလားတွေးရင်းနာရီကိုကြည့်တော့
၁၀နာရီ၁၀မိနစ်ဝန်းကျင်...

အထဲကိုပြန်ဝင်လာပြီးနောက်
ရေသောက်လိုက် အခန်းရဲ့အရှေ့နဲ့အနောက်ကို
ပတ်လျှောက်လိုက်နဲ့အာရုံပြောင်းနေရင်းက
အိပ်ချင်စိတ်လေးနည်းနည်းလျှော့သွား၏။

ဒီလိုနဲ့ပဲ၁၁နာရီထိုးတော့
ကျောင်းသားတွေကိုပြန်လွှတ်ရင်းကိုယ်ပါအတူ
လိုက်ပြန်ချိန်လှေကားကဆင်းတော့ခုနကအမှောင်ရိပ်ကရပ်နေတဲ့လူဆီမျက်လုံးရောက်သွားသည်။

ထိုလူရပ်နေဆဲ...

လာကြိုကြတဲ့လူကြီးတွေဆီကလေးတွေအသီသီးသွားကြပေမဲ့ထိုလူဆီကိုတော့ဘယ်သူမှမသွားကြသလိုသူကလဲဒီအတိုင်းရပ်နေတယ်

အားကစားဘောင်းဘီအရှည်နဲ့ခြေညှပ်ဖိနပ်စီးထားမှန်းသိရပေမဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကတော့အမှောင်ရိပ်ကျနေ၍ဘာမှသေချာမမြင်ရ...

ကျောင်းသူလေးတွေနဲ့အတူပြန်လာရင်းက
လမ်းစုံတစ်ခုရောက်ချိန်သူတို့ကိုနှုတ်ဆက်၍
နောက်နှစ်လမ်းကျော်ကအိမ်သို့ပြန်လာခဲ့သည်။

တစ်ခါတစ်လေအိမ်ကအားရင်လာကြိုပေမဲ့
မအားတဲ့အခါအခုလိုပဲလူကြုံနဲ့လိုက်ပြန်ဖြစ်၏။

ဖုန်းတစ်ဖက်
ထမင်းချိုင့်တစ်ဖက်နဲ့ဓာတ်မီးတိုင်တွေအောက်
ခြေလှမ်းခပ်သွက်သွက်နဲ့လျှောက်လာရင်းက...
တိုက်နားကိုရောက်ချိန်လမ်းတစ်ဖက်သစ်ပင်
အောက်မှာလူတစ်ယောက်ရပ်နေတာတွေ့လိုက်ရတယ်

StrangerWhere stories live. Discover now