part_2

120 8 0
                                    

နောက်ဆုံးထွက်ခွာပြီးဖြစ်တဲ့ လေယာဉ်ပျံကြီးကောင်းကင်ပေါ်သို့ တစ်ဖြည်းဖြည်းမြင့်တက်သွားသည်။ဟို့ဆော့ ကအမိမြေကိုကြည့်ရင်း သက်ပြင်းချမိသည်။အပြီးပိုင်အမိမြေကိုစွန့်ခွာသွားတာလဲမဟုတ်ဘဲ ဘာကြောင့်များစိတ်ထဲ နေရတာအဆင်မပြေဖြစ်နေပါလိမ့်။ပထမဦးဆုံးနိုင်ငံခြားကို ခရီးထွက်တာမို့အဆင်‌မပြေတာလား မသိတော့ပေ။ထို့ကြောင်မဂ္ဂဇင်းကိုသာ ဖတ်နေလိုက်သည်။ပန်းချီဆရာ၊စာရေးဆရာတစ်ယောက်ဖြစဲ့အလျောက် ပြင်သစ်နိုင်ငံကလေ့လာဖို့အကောင်းဆုံးဟုဆုံဖြတ်မိသည်။ထိုဆုံဖြတ်ချက်တစ်ယောက်သောသူနှင့်တွေဆုံစေခဲ့သည်။

"ခရီးသည်များရှင် မကြာခင်လေယာဉ်ဆင်းသက်တော့မှာမို့ ခါးပတ်လေးတွေကိုသေချာတပ်ဆင်ထားပေးပါရှင့်"

လေယာဉ်မယ်ရဲ့စကားသံအဆုံး ဟို့ဆော့ခါးပတ် ပတ်ထားလိုက်သည်။

_____________

"မင်းအသက် တော်တော်‌ပြင်းတာဘဲ"

အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက် အရှေ့က၈နှစ်အရွယ်ကလေးမလေးရဲ့ လည်းပင်ကိုဓားဖြင့်ထောက်ထားသည်။ထိုကလေးမရဲ့မျက်နှာလဲ သွေးတွေနဲ့

"ဘာမဟုတ်တဲ့ကျိန်စာသင့်နေတဲ့သူကများ! တောက်!!"

"ဒေါသတော်တော်ထွက်နေတဲ့ပုံဘဲ အရင်လိုတောင်ဟန်မဆောင်နိုင်တော့ဘူး"

စွပ်!

"အား!"
အနက်ရောင်လူက ကလေးမလေးရဲ့နှလုံးသားတည့်တည့်ကိုဓားဖြင့်ထိုးချလိုက်သည်။ကလေးမကတဖြည်းဖြည်းနဲ့ အနက်ရောင်အငွေ့အဖြင့်ပြောင်းသွားသည်။

ထိုကလေးမက မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်သည်။ကလေးပုံစံဟန်ဆောင်ပြီးလူတွေရဲ့ ဝိညာဉ်တွေကိုစားသုံးနေသော မကောင်ဆိုးဝါးဖြစ်သည်။

မကောင်ဆိုးဝါးကိုသတ်ပြီးတာနဲ့ ဓားဟာအနက်ရောင်ထီးတစ်လက်ဖြစ်သွားသည်။ထိုလူကထီးကိုဆောင်းကထွက်သွားသည်။ထိုလူကမိုးကိုစူးရှစွာမော့ကြည့်ပြီးမကြာဘူး။မိုးတွေတစ်ဖွဲဖွဲရွာလာခဲ့သည်။ထိုလူရဲ့နှုတ်ခမ်းတွေ လေးထောင့်ဆန်ဆန်အပြုံးလေးတစ်ခုပြုံးလိုက်သည်။

ဤရင်ခွင်ထဲ မနွမ်းခဲ့သောအချစ်ပန်းWhere stories live. Discover now