🌵1.12🌵

79 7 0
                                        


"ကောင်းပြီလေ ခင်ဗျား ရှောင်တုန်းကို သွားပြောပေးရမယ် ကျွန်တော် ကသူ့ကို ဂတိပေးပြီးသားဆိုတော့ ဖျက်လို့မကောင်းဘူးလေ အဲ့တော့ ခဗျားသွားချင်လား ဒါမှမဟုတ်..."

ရှောင်ယွီက *ဟမ့် ခဗျား ဘယ်လိုလုပ်မလဲ ကျွန်တော် သိချင်မိတယ်...*

ချန်စစ်နန်က ပြုံးလိုက်ပြီး အောင်နိုင်သူလိုအမူအရာနဲ့

"ကောင်းပြီ မင်းပြောတာနော် ယွီအာ
ကိုယ်သူ့ကိုပြောလို့ရပြီဆို မင်းကိုယ်နဲ့လိုက်ခဲ့ရမှာနော် "

သူကမျက်လုံးတဖက်နိပ်ပြပြီး ရှောင်တုန်းကို ရှာမလို့ထွက်သွားတယ်

ဘယ်လောက်မှ မကြာခင်သူပြန်ရောက်လာပြီး
ပြောတာက

"ယွီအာ ကိုယ်တော်တယ်မလားဟင်"

ရှောင်ယွီ တွေးလိုက်တယ်
* အဲ့လောက်လွယ်တယ်ပေါ့လေ ရှောင်တုန်းက
ငါ့ကိုသစ္စာဖောက်သွားတာဘဲ ဖြစ်ရမယ် *

"အမ်း ဒါနဲ့ပြောပါအုံးသူ့ကို ဘယ်လိုပြောလိုက်သလဲဆိုတာ"

" Oh! သူကို ကိုယ့်တို့ ကုမ္ပဏီမှာ အလုပ်သင်ဆင်းဖို့ပြောလိုက်တယ်လေ
ပြီးတော့ ယွီအာ့ သူငယ်ချင်းက ပြောသေးတယ် ကိုယ်က သူ့ idol
ပါဆိုပြီးလေ"

ချန်စစ်နန်ကပြောပြီး ပြုံးပြီး သူ့အကြည့်တွေကပြော နေတယ်

*ရှောင်ယွီ ကိုယ်မင်းကိုနမ်းချင်တယ်*လို့လေ

ရှောင်ယွီ ခန့်မှန်းလိုက်ပြီးမကြာခင် ကိုဘဲ
ချန်စစ်နန်က ရှေ့တိုးပြီး ရှောင်ယွီ နှုတ်ခမ်းကို
ညင်ညင်သာသာလေးထိလိုက်တော့တယ်

ရှောင်ယွီ ကအံသြ ပြီး
လှည့်ကြည့်လိုက်ပေမယ့် ချန်စစ်နန်ရဲ့
ရိဝေဝေ အကြည့်တွေက ရန်စ စရာတော့
မဟုတ်လေဘူး သူတို့ ဘွဲ့ပေးတဲ့ အခမ်းအနားမှာမဟုတ်ဘူး ဆိုရင် ချန်က အဆုံးထိသွားလောက်တယ်ဆိုတာ သူတွေ့လိုက်ပြီး နဲနဲတော့ အံသြသွား
​ရပြီး စိတ်ထဲက ကျိန်ဆဲလိုက်တယ်

* သေစမ်း ဒီကောင်  အရှက်မရှိတာပိုပိုဆိုးလာပြီ *

ရှောင်ယွီ ကစိတ်ထဲမှာငြီးညူ နေပေမယ့်မျက်နှာက ချယ်ရီသီးလို ရဲတွတ်နေပြီး

Searching for ...... *System*(Own Creation)Where stories live. Discover now