"ဒါဆို အကိုက "

"အင်း အကိုက သူချဉ်းကပ်လာတဲ့နောက်ကိုလိုက်ခဲ့တာမဟုတ်ဘဲ အကို့ရဲ့ကိုယ်ပိုင်စိတ်ကိုက သူကိုချစ်နေခဲ့တာကြာပြီ "

"ဘာလို့သူလဲဗျာ "

"သူကဘဲ အကို့ကို အသက်ရှင်ခွင့်ပေးခဲ့လို့လေ သူ့အသက်ထက်ပိုပြီး..."

အခု အကို့ရဲ့စကားကိုနားမလည်နိုင်ပေမယ့်သေချာတာက အကိုကလည်း ရာချီ့ကိုချစ်နေခဲ့တာဘဲ ။
ရာချီပြောခဲ့တဲ့ စကားတစ်ခုလို ငါတို့ကဘယ်လိုဘဲ ကြိုက်လာအောင်လုပ်လုပ် ကြိုက်ပိုင်ခွင့်ကလည်း ကာရကံရှင် ဆီမှာရှိတာတဲ့...
ဒါဆို ဒီပွဲက ရာချီဝင်ရူတ်လို့ ရူံးခဲ့တာမဟုတ်ဘဲ သူမပြိုင်ခင်ထဲက ရူံးခဲ့တာကို။

"အကို ပြန်ပြီ ကျန်စစ် မင်းလည်း အကို့ထက်ကောင်းတဲ့သူနဲ့တွေ့မှာပါ "

တကယ်ဘဲ ဘာကဘယ်လိုဖြစ်နေတာလဲ
အမြဲ အကိုတစ်ယောက်လို့ ဘေးကဖေးမပေးနေလို့ အခွင့်အရေးလေးရှိမယ်ထင်တာ
လုံးဝကို အကိုတစ်ယောက်လိုဘဲ သူကခင်မင်နေတာကို..

<><>

"ကျွန်တော့်ကို ဘာကိစ္စများပြောစရာရှိလို့လဲ"

အိမ်မှာကတော့ အမေတစ်ယောက်ဘဲရှိနေတာကြောင့် အနေအထိုင်လွတ်လပ်နေသေး၏

"ဖိတ်စာတစ်ဆောင်‌ရောက်လာတယ်သား"

"သာရေးလားနာရေးလား"

"သာရေးပေါ့ မင်းအမဝမ်းကွဲ အမ္မရမောင် မင်္ဂလာဆောင်တော့မို့တဲ့လေ"

အမ္မရမောင်ဆိုသည်မှာ အဘဘက်က ညီရဲ့ သမီးဖြစ်၏ ကျောင်းတက်တုန်းကလည်းသူတို့အိမ်မှာဘဲသွားနေတာကြောင့်ပုံတိုင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးလို့ပြောလို့ရမည်

"အဲ့တာနဲ့ ဘာလို့ကျွန်တော့်ကိုခေါ်ရတာလဲ"

"မင်းအမက မင်းကိုပါဖိတ်တယ်လေ ရင်းနှီးတဲ့ ဆက်ဆံရေးဘဲ သွားရမှာပေါ့ "

"မလိုက်တော့ပါဘူး အဘနဲ့လည်း ခေါ်သေးတာမဟုတ်ဘူး "

"ပုံတိုင်း မင်းအဖေက စိတ်ဖြတ်လိုက်ပြီဆိုလုံးဝကိုဖြတ်ပစ်နိုင်တာဆိုပေမယ့်အခုသူကမင်းကိုစိတ်ဖြတ်နိုင်တယ်ထင်နေတာလား"

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now