''အရှင်က ကျွန်တော်မျိုးကိုဘယ်တုန်းကမှ မချစ်ခဲ့သလို မယုံကြည်ပေးခဲ့ဘူး''
''မငိုပါနဲ့...''
အရှင်က မငိုပါနဲ့လို့ပြောကာမှ ရှောင်ကျန့်ကပိုတိုးလို့ငိုနေလေတော့သည်။
အချိန်တစ်ခုကြာတဲ့အခါမှာတော့ ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲ၌ပင် ငိုရင်းအိပ်ပျော်သွားခဲ့လေသည်။''မငိုပါနဲ့လို့ပြောသားနဲ့ အခုတော့ပင်ပန်းသွားရပြီ''
ရှောင်ကျန့်ကို ဆက်ဖက်ထားရင်း အရှင်က သူမေ့နေတဲ့ တစ်စုံတစ်ခုကိုမှတ်မိဖို့ အသည်းအသန်ကြိုးစားနေမိတော့၏။
ဒီလူသားကိုငိုကြွေးစေသည့် အတိတ်ကဖြစ်ရပ်တွေကဘာများလဲ သူသိချင်မိပါသည်။ထိုမြင်ကွင်းကိုအငြိုးတကြီးနဲ့ကြည့်နေသည့်
မျက်ဝန်းတစ်စုံဟာလဲ လှေနဲ့ မနီးမဝေးတွင်ရှိနေလေသည်။ညဉ့်နက်ပိုင်းရောက်တော့ သူမရဲ့ တာဝန်ချိန်ပြီးလို့
နန်းဆောင်ပြန်ဖို့လုပ်နေတဲ့ နန်းတွင်းသူလေး လုလုဟာ
လည်ပင်းထပ် ဓားထောက်ခြင်းကိုခံလိုက်ရသည်။သူမလဲ ကြောက်ကြောက်လန့်လန့်ဖြင့်
''ဘယ်...ဘယ်သူပါလဲ အသက်ကိုချမ်းသာပေးပါ''
''ကိုယ်အလုပ်အကျွေးပြုခဲ့တဲ့ ကိုယ့်သခင်ကိုတောင်မမှတ်မိတော့ဘူးလား လုလု''
သူရဲ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် သူမ လန့်သွားပြီး
''ရှင်...ရှင်...နန်းတွင်းထဲကိုဘယ်လိုများ...''
''ဒီနေရာက ငါကျင်လည်ခဲ့တဲ့နေရာပဲလေ ဒီလောက်ကတော့ငါ့အတွက်လွယ်လွန်းပါတယ်
အခုတော့ မင်း!!!
အသက်မသေချင်ရင် ငါခိုင်းတာလုပ်!!!''''ဟုတ်...ဟုတ်ကဲ့''
လုလုရဲ့ အကူအညီနဲ့ ရှင်းလျန်ဟာ အပျိုတော်ဝတ်စုံဝတ်လျက်မင်းကြီးရှောင်ရဲ့ အတွင်းနန်းဆောင်၌ ဝင်ရောက်ခစားနေလျက်ရှိသည်။
အခြေအနေပေးတာနဲ့ နှစ်ယောက်လုံးကို သတ်ပစ်မည်ဟု သူ့စိတ်ထဲ ကြုံးဝါးနေ၏။အရှင်ကလဲ ရှောင်ကျန့်ကို အဆောင်တော်ထဲထိပွေ့ ချီလာခဲ့သည်။
ကုတင်ပေါ် ဖြေးညှင်းစွာချပေးတော့ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲ အတင်းတိုးဝင်နေတာမို့ အရှင့်မှာ
တဖန်ထွေးပွေ့ ထားရပြန်သည်။
အပိုင်း ၂၉
Start from the beginning