ကျွေးမွေးလိုက်တာအကောင်းဆုံးပဲလေ.. မဟုတ်ဘူးလား..

တစ်ယောက်ကပိုက်ဆံပေးပြီး တစ်ယောက်ကအချစ်ပေးတယ်။ စဆိုစမယ် ပြီးဆိုပြီးမယ်။ ဒါ့အပြင်ကို ဆုံးဖြတ်ပိုင်ခွင့်က သူ့လက်ထဲမှာပဲလုံးလုံးရှိတယ်။

သူက သူ့အတွင်းရေးမှူးကို ချိုးချိုးရဲ့မိသားစုနောက်ကြောင်း စုံစမ်းခိုင်းလိုက်တယ်။ အတွင်းရေးမှူးခမျာ ဒီလိုသိက္ခာမဲ့တဲ့လုပ်ရပ်ကို တစ်ခါမှ မလုပ်ဖူးဘူး။ ဒါကြောင့် ဖုလွေ့အန်းကို စိတ်ထဲမှာကျိန်ဆဲရင်း တဖက်ကသွားစုံစမ်းတယ်။

သုံးရက်အကြာမှာတော့ အတွင်းရေးမှူးက ချိုးချိုးမိသားစုအတွင်းရေး အူမချေးခါးမကျန် အသေးစိတ်ရေးထားတဲ့ စာမျက်နှာနှစ်ဆယ်လောက်ပါတဲ့ ဖိုင်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ တင်ပြလာခဲ့တယ်။ အင်း.. ရင်တထိတ်ထိတ်ဖြစ်ရတာကတော့... တကယ်တော့ အမှန်အတိုင်းပြောရရင်... ချိုးချိုးရဲ့အိမ်အခြေအနေက..... 'ကျွေးမွေးပြုစုစောင့်ရှောက်'ပေးရလောက်အောင် ဖြစ်မနေလို့ပဲ..

ချိုးချိုးရဲ့အိမ်က စီးပွားရေးပြေလည်တယ်လို့ ပြောလို့ရတယ်။ ကျိကျိတက်မချမ်းသာပေမယ့် မွဲတေစုတ်ပြတ်နေတာမျိုးလည်း မဟုတ်ဘူး။ ပြီးတော့ အိမ်သားတွေအကုန်လုံးက ကျောင်းဆရာတွေချည်း။

ချိုးပါးပါးက တရုတ်စာပေအထူးပြုဆရာဖြစ်ပြီး စာလုံးအဘိဓာန်၊ စကားပြောအဘိဓာန်တွေ ပြုစုထားပြီး စွယ်စုံကျမ်းတစ်ခုကိုပါ ပြုစုထုတ်ဝေထားတယ်။ သူ့နာမည်ကို မူလတန်းကျောင်းစာအုပ်အဖုံးမှာတောင် ရှာတွေ့နိုင်တယ်။ ချိုးမားမားကတော့ ထက်မြက်ပြီး အမှီအခိုကင်းတဲ့ မိန်းမသားတစ်ယောက်၊ အခုလက်ရှိ ကွန်ဖြူးရှပ်သင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ပါ။

ချိုးချိုးက ငယ်ငယ်လေးကတည်းက ဘက်ပေါင်းစုံမှာ ပြည့်စုံတယ်။ ရုပ်ရည်ကထိပ်တန်း၊ ပညာရေးမှာ ထိပ်တန်း၊ ဘဝမှာ တစ်ခါမှချော်မထွက်သွားဖူးဘူး။ ပြီးတော့ သူဘာလုပ်လုပ် အားလုံးရဲ့အာရုံစူးစိုက်မှုကိုခံရသေးတယ်။

အတွင်းရေးမှူးက သူ့သူဌေးကို အတတ်နိုင်ဆုံး ရိုးရိုးသားသားဖျောင်းဖျရပြီပေါ့ "သူဌေး ဒီကောင်လေးကိုတော့ စဖို့မလွယ်လောက်ဘူးလို့ ထင်ပါတယ်..."

သခင်ကြီးရဲ့အသည်းတုံးလေးWhere stories live. Discover now