*အဲ့...အဲ့လိုတော့ မလုပ်နဲ့လေ Ben ရယ်။ Mickey လည်း သူဌေးက မပြောခိုင်းလို့ မပြောရတာပါ။ ဒီမှာ လူတွေ အများကြီးကို ပြ...ပြသာနာတော့ မရှာပါနဲ့နော် *

Mickey ၏ အပြောကြောင့် Ben အခန်း တစ်ခုလုံးအား ဝေ့ကြည့်လိုက်တော့ အဝမှာ ကြိတ်တိုးပြောဆိုနေသည့် သူတို့အား သတိထားကာ ကြည့်နေကြသည်မို့ Ben ထပ်ပြီး ရပ်နေဖို့ မသင့်တော်တော့တာမို့ သူ့အား မချေမငံကြည့်လာသည့် လက်တောက်လောက်သာသာ ကောင်အား စာရင်းထဲ မထည့်ထားသည့် အထာနှင့် ဝင်လာကာ သူနဲ့ သိနေပြီးသားဖြစ်သည့် MC အစ်ကို၏ ဘေး၌ ဝင်ထိုင်လိုက်တော့သည်။

*မင်းလာတာ ကောင်းတယ် Ben ရေ။ ငါတို့ PD ကြီးတော့ rating တက်တော့မှာမို့ ပျော်နေလေရဲ့ *

သဘောကောင်းသည့် စီနီယာအစ်ကို၏ အပြောကြောင့် Ben အသာပြုံးလိုက်လေသည်။ ထို့နောက် လက်နှစ်ဖက်ကို လက်အုပ်ချီသလိုပူးကာ ရွှတ်နောက်နောက်နှင့် ပြောလိုက်လေသည်။

*ရိုက်ကူးရေးလုပ်နေရင်လည်း ကျွန်တော့်ကို မမေ့ထားဖို့ ဒီက စီနီယာကိုပဲ တောင်းဆိုပါတယ်ဗျာ *

*ဟား ဟား! မင်းကတော့ လုပ်ပြီကွာ *

သူဟာ သူ့အား အချိုးမပြေ လာဆက်ဆံသူများကိုသာ ပြသာနာရှာလေ့ရှိသော်လည်း သူ့အပေါ် ကောင်းသည့်သူများကိုဆို သူက တစ်လေးတစ်စားဆက်ဆံကာ စီနီယာကို စီနီယာမှန်း သိသည်။ ဂျူနီယာလေးတွေကိုလည်း လက်တွဲခေါ်သည်။ ထို့ကြောင့်သူဟာ အချို့လူတွေအတွက် ရိုက်ပေါက်လေးဆိုပေမယ့် ဒီလောကထဲမှာ သူ့အား လူချစ်လူခင်ပေါသည်မှာလည်း အမှန်ပင်ဖြစ်လေသည်။

*ဟက်! သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး !*

သူနှင့် ဘေးက စီနီယာများ အပေးအယူတည့်ကာ စကားပြောနေကြရင်းမှ မထိတထိစကား တစ်ခွန်းအား ကြားလိုက်ရသည့်အခါ သူတို့ သုံးယောက်လုံးဟာ ကြောင်အသွားကာ စကားသံထွက်လာသည့် ကောင်လေးထံ ဝိုင်းအုံကာ ကြည့်လိုက်မိလေသည်။

ထိုအခါမှ ထိုကောင်လေးဟာ အကြောင်ရိုက်ကာ သူ၏ လက်ထဲမှ ဖုန်းအား ထောင်ပြကာ အရိုးသားဆုံး ရယ်ပြလာလေသည်။

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

Chilli Pepper Where stories live. Discover now