အခန်း - ၃

Depuis le début
                                    

ဒီစာကိုမောင့်အတွက် နောက်ဆုံးချန်ထားခဲ့ဖို့ လွယ်လွန်းတယ်လို့တော့ မထင်စေချင်ဘူးမောင်။ ဒီစာတစ်ပိုဒ်အတွက် ကျွန်တော်က နှစ်နှစ်နီးပါးအချိန်ယူခဲ့ရတယ်ဆိုရင် မောင်ယုံလိုက်ပါတော့မောင်။

......

တက်သစ်စ အနုပညာရှင်တစ်ယောက်အနေဖြင့် နေထိုင်ပုံနှင့် အပြုအမူက အတော်ကလေး ဂရုစိုက်ရပါသည်။ ယခုတော့ မောင်နှင့်ကိစ္စကို ကျွန်တော်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီက တောက်လျှောက်လိုက်ရှင်းနေရသည်။ ကျွန်တော်၏ ပုံရိပ်သည်လည်း ကုမ္ပဏီတွင် ကျဆင်းခဲ့ရသည်။ ကုမ္ပဏီ၏ ထိပ်တန်းမင်းသား ကြေးအများဆုံး ကြယ်ငါးပွင့်မင်းသားဟူသောအဆင့်မှ အလယ်အလတ်တန်းစား ကြယ်သုံးပွင့်မင်းသားအဆင့်ထိ ထိုးကျသွားသည်။

ကုန်ကုန်ပြောရလျှင် ကျွန်တော်၏ မန်နေဂျာကိုပင် ကုမ္ပဏီက အသစ်တစ်ယောက်နှင့် လုံးဝ ပြောင်းပစ်ခဲ့သည်။ အသစ်ရောက်လာသော ကျွန်တော့် မန်နေဂျာက ကျွန်တော်အား ထောင်သားသဖွယ် ဆက်ဆံနေသည်။ အိပ်ချိန်စားချိန်နှင့် လေ့ကျင့်ခန်းပြုလုပ်ချိန်များကိုပင် နေ့စဥ်အချိန်ဇယားနှင့် ပြုလုပ်နေရသည်။ ယခင်ကဆိုလျှင် ကျွန်တော်မတက်ချင်သောပွဲများနှင့် ကျွန်တော်မရိုက်ချင်သော ကြော်ငြာများကို ငြင်းခွင့်ရှိသည်။ ယခုတော့ ကျွန်တော့်ကိုပင် လုံးလုံးအသိမပေးဘဲ မန်နေဂျာက ရိုက်ရန်အချိန်ရောက်မှ ကျွန်တော့်အား ကုမ္ပဏီမှပေးထားသော ကွန်ဒိုအောက်တွင် ကားရပ်၍လာခေါ်သည်အထိ ကျွန်တော်က အဘက်ဘက်မှ တင်းကျပ်ခြင်း ခံနေရသည်။

ကျွန်တော့်အနေဖြင့်လည်း ရွေးချယ်ရန်လုံးဝမရှိပေ။ ကျဆင်းနေပြီဖြစ်သော ကျွန်တော့်ပုံရိပ်ကို ကုမ္ပဏီက ထိန်းပေးထားခြင်းဖြစ်သည်။ ထိုနေ့က ကျွန်တော်တစ်ယောက်တည်းရှိနေချိန်တွင် ကျွန်တော့် ရှိသည့်နေရာနှင့် ကျွန်တော့်အား ဆက်သွယ်နိုင်စရာ ကွန်ရက်စသည့်အရာအားလုံးကို ဆက်သွယ်မရအောင် ​လုပ်ထားခဲ့ပါသော်လည်း ယခုမန်နေဂျာအသစ်က ကျွန်တော့်အား အင်းလျားအထိ လာရောက်ယူငင် ခေါ်ဆောင်သွားသည်။ ယခုတော့ ကျွန်တော်က သူဖန်တီးထားသော နေ့စဥ်အချိန်ဇယားများအကြားတွင် သံပတ်ရုပ်တစ်ရုပ်မမာ နေနေရလေပြီ။

| ဆွေး ~ Đaçaÿ |Où les histoires vivent. Découvrez maintenant