Chapter 15

53 12 0
                                    

Chapter 15

------------

ဘီမြို့။

တစ်ကိုယ်လုံးလုံခြုံအောင်ဖုံးကွယ်ထားသည့် သူနှစ်ဦးမှာ လေဆိပ်မှထွက်လာသည်။ ရွှီလော့ယန်က ဘယ့်ကြည့်၊ညာကြည့်လိုက်နှင့် သူတို့အားမှတ်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။

သူက ချီချန်အန်းအနားသို့တိုးကာ မေးလိုက်သည်။

"ဘယ်သူ့ကိုမှမပြောဘဲ ကျွန်တော်တို့နှစ်ယောက်တည်းထွက်လာတာ ကောင်းပါ့မလား"

ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ကြောင့် တဖြတ်ဖြတ် တောက်ပနေခဲ့သည်။ သူက အင်မတန်ရင်ခုန်စိတ်လှုပ်ရှားနေတာကြောင့် သုံးပေအမြင့်အထိရောက်အောင် ခုန်ပေါက်ချင်နေမိသည်။ ဤခံစားမှုမှာ သူအထက်တန်းကျောင်းတက်နေစဉ်အခါက၊ ဘက်စကတ်ဘောကစားရန် အပြင်သို့ခိုးထွက်လာသော်လည်း၊ အတန်းပိုင်ဆရာထံ အဖမ်းခံရပြီး သုံးသပ်ချက်ရေးရမည်ကို စိုးရိမ်နေရသည့် ခံစားချက်မျိုးပင်။

ချီချန်အန်းက အပြုံးလေးဖြင့် "ကိုယ့်နောက်ကလိုက်ခဲ့" ဟု ပြောလိုက်သည်။

ရွှီလော့ယန်က သူ့အားဘယ်သွားမည်လဲဟု မေးမလာဘဲ၊ အနောက်မှ ခပ်သွက်သွက်လေးလိုက်သွားလိုက်၏။ မည်သို့ပင်ဆိုစေ၊ ချီချန်အန်းက သူ့အားထိခိုက်စေရန်ပြုလုပ်မည်မဟုတ်ပေ။ ထို့ပြင် ယခု ကစားပွဲမှာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းသည်လေ။

ချီချန်အန်းအနောက်မှ လိုက်သွားပြီးနောက်၊ ကားနံပါတ် 111 ဖြင့်ဆုံးသည့် Auston Martin ကားတစ်စီးဆီသို့ ရောက်သွားကြသည်။

ကားမောင်းသူထိုင်ခုံတွင်ထိုင်နေသည့်လူက လှည့်လာကာ "မင်္ဂလာပါ မစ္စတာရွှီ ကျွန်တော်က လျန်ချိုး သခင်လေးချီရဲ့ မန်နေဂျာနဲ့ လက်ထောက်ပါ"

'မစ္စတာရွှီ'နှင့်'သခင်လေးချီ' ဟူသည့် အမည်နာမနှစ်ခုအား ဆက်စပ်တွေးမိရန် ရွှီလော့ယန်အနဖြင့် အချိန်ခဏမျှယူခဲ့ရသည်။ သို့သော်သူက မြန်မြန်ပဲ အသက်ပြန်ဝင်လာသည်။

"မင်္ဂလာပါ ကျွန်တော်က ရွှီလော့ယန်ပါ"

သူက သူ့နံဘေးတွင်ထိုင်နေသည့် ချီချန်အန်းအား လှမ်းကြည့်ကာ၊ ခဏလောက်တွေးလိုက်ပြီးနောက် ရိုးသားစွာပြောလိုက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now