Description

707 36 0
                                    

Title - It Is Said That I Give Out Sugar Everyday

ငါက နေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Description 💥

ရွှီလော့ယန်သည် ငယ်ရွယ်သော တက်သစ်စသရုပ်ဆောင်တစ်တစ်ယောက်ဖြစ်ပြီး အင်တာနက်စွဲနေသူတစ်ယောက်လည်းဖြစ်သည်။  မနက်စောစောအချိန်၌ သူ၏ မနက်ခင်းဆယ်လ်ဖီပုံအား စာရေး၍ (ဆိုရှယ်မီဒီယာပေါ်)တင်လိုက်လေသည်။ 

"မနက်တိုင်း ငါ့ကိုအိပ်ရာကနှိုးပေးမယ့် တစ်စုံတစ်ယောက်ရှိရင်သိပ်ကောင်းမှာပဲ။ အလိုလေး ၊ စင်ဂယ်ခွေးလေးတစ်ကောင်ရဲ့ အလွန်အကျွံစိတ်ကူးယဉ်မှုလေးပေါ့။"

နောက်တစ်မိနစ်အကြာတွင် ချီးချန်အန်းက သူ၏ဝေးပေါ်အား ထပ်ဆင့်မျှဝေလိုက်ကာ ကောမန့်မန့်ခဲ့လေသည်။

"မင်းရဲ့ အလွန်အကျွံစိတ်ကူးလေးကို ကိုယ်ဖြည့်ဆည်းပေးမယ်။"

#ကုချန်းCP# ဆိုသည့် trend က hot search ပေါ်ထိရောက်လာသည့်အခါ ရွှီလော့ယန်မှာ သူ၏ဖုန်းအားလွတ်ကျသွားရသည်အထိ ကြောက်လန့်သွားရလေသည်။ သူက ဖုန်းကို ပြန်လည်ကောက်ယူလိုက်ပြီး ဒေါသထွက်နေသော မျက်နှာဖြင့် “ငါမအိပ်တော့ဘူး။ ဟုတ်ပြီလား…”  ဟု စာပြန်လိုက်လေသည်။

ညနေခင်းအချိန်၌ ချီးချန်အန်းမှာ သူ follow လုပ်ထားသည့်လူစာရင်းအား ကြည့်ရှုရင်း ရွှီလော့ယန်၏အကောင့်တုက ဝေးပေါ် ပေါ်သို့ ပို့စ်အသစ်ထပ်တင်ထားသည်ကို တွေ့လိုက်ရသည်။

"ငါ့ကို မိစ္ဆာကြီးတစ်ကောင်က ဖမ်းမိသွားပြီ။ ပြီးတော့မနက်တိုင်း ငါ့ကိုအနမ်းတစ်ပွင့်ပေးပြီး အိပ်ရာနှိုးပေးမယ်လို့လည်း အဲ့ဒီမိစ္ဆာကပြောသေးတယ်။ ငါအရမ်းကြောက်တာပဲ!!! QAQ"

ထိုပို့စ်အားဖတ်ပြီးသည့်အခါ 'လူသား'စင်စစ်ဖြစ်သည့် ချီးချန်အန်းက ထိုပို့စ်အား like ပေးလိုက်လေသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Onde as histórias ganham vida. Descobre agora