အပိုင်း(၂၂)

Comincia dall'inizio
                                    

"ကောင်းပြီလေ။ ငါအရင်ဆုံး စမ်းစားကြည့်မယ်" ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်သော ဝူဟိုင်းက သူဌေး၏အရည်အချင်းကို နားလည်သည်။ ထို့ကြောင့် သူက ယောက်ချိုဇွန်းကို ယူလိုက်ပြီး ဟင်းချိုကို အရင်မြည်းစမ်းကြည့်လိုက်သည်။

ကောင်းယင်က အချိန်ခဏစောင့်ကြည့်ပြီးနောက် ဧည့်သည်က လူလိမ်မဟုတ်မှန်း အတည်ပြုလိုက်သည်။

"သူဌေး ဒါက အစုံလိုက်ကြက်ဥထမင်းကြော်လား။ ကြက်ဥထမင်းကြော်ရဲ့အရသာကရော ဘယ်လိုရှိလဲ"

"ကြက်ဥထမင်းကြော်က သာမန်ကြက်ဥထမင်း‌ကြော် ပါပဲ။ တခြားဘာတွေမှ မပါပါဘူး" ယွမ်ကျိုးက ချောမောလှပသော မိန်းမချောလေးကို မျက်နှာမူကာ မဆိုင်းမတွ ရှင်းပြလိုက်သည်။

"ဒါဆိုရင် ဘာဖြစ်လို့ ဒီလောက်တောင် ဈေးကြီးရတာလဲ" ကောင်းယင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သာမန်စားသောက်ဆိုင်များတွင် အရံဟင်းများကို အခမဲ့ပေးလေ့ရှိပြီး ဤစားသောက်ဆိုင်သည် သာမန်စားသောက်ဆိုင်များထက် အဆပေါင်းများစွာ ပို၍ ဈေးနှုန်းမြင့်နေသည်။ ကောင်းယင်က အပြင်ဆိုင်များတွင် စားလေ့မရှိသောကြောင့် ပြင်ပလောကအကြောင်းမသိ၍ ယခုလို ဈေးနှုန်းမြင့်နေသည်ဟု ယူဆမိသည်။ သူမက လက်ကို မြှောက်လိုက်ပြီး နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့ပြင် အပြင်ဘက်တွင်လည်း အပူချိန်မြင့်မားနေ၍ နောက်ထပ် စားသောက်ဆိုင်သို့ သွားရောက်ချင်သော ဆန္ဒမရှိပေ။ ထို့ကြောင့် ဤစားသောက်ဆိုင်မှ ဟင်းပွဲကိုသာ မှာယူရန် ကောင်းယင် ဆုံးဖြတ်လိုက်သည်။

"ရေတစ်ခွက် နှင့် ကြက်ဥကြော်တစ်ပွဲပေးပါ"

"တောင်းပန်ပါတယ်။ ဒီမီနူးထဲမှာပါတဲ့ ဟင်းတွေကလွဲပြီး တခြားအစားအသောက်မရပါဘူး။ ရေလဲ မရောင်းပါဘူး"
ယွမ်ကျိုးက ပခုံးဆတ်ခနဲတွန့်လိုက်ပြီး ကောင်းယင်ကိုကြည့်ကာ ပြောလိုက်သည်။

...

ကောင်းယင်က HRအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့၍ တည်ငြိမ်သောအမူအရာ ရှိသော်လည်း သူမ၏စိတ်ထဲ ကျိန်ဆဲလိုက်မိသည်။ ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ်ဖြင့် ရောင်းချသောသူဌေးက ဧည့်သည်ကို ရေတစ်ခွက်ပင် မတိုက်၍ သူမ အံ့ဩမဆုံးပင် ဖြစ်နေရသည်။ သူမက တခြားဆိုင်သို့ သွားချင်သောဆန္ဒ မရှိ၍သာ က ကျိတ်မှိတ်သည်းခံလိုက်ရသည်။ ၁၈၈ယွမ်ဆိုသော ငွေ ပမာဏသည် သစ်ပင်အလိုအလျောက်ပေါက်လာသော ငွေကြေးမဟုတ်ပေ။ သူမ ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်၍သာ ရရှိလာသော ငွေဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Dove le storie prendono vita. Scoprilo ora