" မင်း ဘာတွေလုပ်နေတာလဲ အလင်း။ ဒီရက်ပိုင်းထဲ ဘာတွေလုပ်နေလို့ ပိုက်ဆံတွေအများကြီးရနေတာလဲ ငါသိမှဖြစ်မယ်။ မသိရရင် ငါယူမထားပေးနိုင်ဘူး "

" ရှိန်းရယ် အတွေးတွေများနေပြန်ပြီလားကွာ။ ငါဘာတွေလုပ်နေတယ်လို့ထင်နေလို့လဲ "

" ပုံမှန်မဟုတ်တဲ့အလုပ်မျိုးတွေ မင်းလုပ်နေတာလား "

ရှိန်းဆိုသည့်ကောင်လေးက သူသိချင်လာရင်ပြောပြမှရသည်။ မသိရရင် ပြဿနာရှာလို့ဆုံးမှာမဟုတ်တော့ချေ။

" ကဲပါရှိန်းရယ် မင်းအရမ်းသိချင်နေရင် ငါပြောပြမယ်ဟုတ်ပြီလား။ ငါအရင်လိုမျိုး ဟိုဟိုဒီဒီအလုပ်မျိုးတွေလိုက်မလုပ်တော့ဘူး။ လူတစ်ယောက်ဆီမှာ အလုပ်လုပ်နေတာ "

" ဘယ်သူ့ဆီမှာ အလုပ်လုပ်နေတာလဲ "

" မင်းဆေးရုံနောက်ဆုံးတက်ရတဲ့အချိန် ငါရန်ဖြစ်လာတယ်လေ။ အဲတုန်းက ငါနဲ့တစ်ဖက်ထဲရှိတဲ့သူဆီမှာ ။ အခုတော့ငါ့ရဲ့သူဌေးပေါ့ "

" မင်း သူနဲ့ဘယ်လိုအဆက်အသွယ်ရတာလဲ ။ သူ့ဘက်ကရော ဘာလို့မင်းကိုအလုပ်ပေးရတာလဲ "

" ငါ အကုန်ပြောပြပါမယ်ရှိန်းရယ် ။ သူနဲ့ဘယ်လိုအဆက်အသွယ်ရလဲဆိုရင် သူကငါ့ကိုလာရှာတာပါ။ ရန်ဖြစ်တဲ့အချိန်မှာ သူပြောခဲ့တယ် ။ ငါ့ကိုကူပေးရင်း မင်းလိုချင်တာအကုန်ပေးမယ်တဲ့ ။ အစက သူပြောတဲ့စကားကိုငါမယုံပါဘူး။ ကိုယ်တိုင်လဲ ရန်ပွဲကိုဝင်ပါဖို့စိတ်ကူးမရှိဘူး ။ အဲနေ့ထဲကငါပြောခဲ့တယ်လေ ။ မထင်မှတ်ပဲဝင်ပါသွားမိတာလို့ ။ အဲဒီအကျိုးဆက်အနေနဲ့ သူဌေးကသူ့ကိုငါကူညီခဲ့တယ်ဆိုပြီး လာရှာတယ်။နောက်ပြီး အလုပ်လဲပေးတယ် "

ပြောသမျှကိုငြိမ်ပြီးနားထောင်နေသည့် ရှိန်းသည် ကိုယ့်စကားတွေအပေါ် အလုံးစုံတော့ယုံကြည်ပုံမရချေ။

" ငါ့ကို မပြောပြခဲ့တဲ့အကြောင်းပြချက်ကဘာလဲ "

မင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကို မင်းပြန်ကြားရရင်အများကြီးဝမ်းနည်းရမှာစိုးလို့ပါဆိုသည့်စကားကို စိတ်ထဲမှသာဆိုလိုက်မိ၏။

" တမင်မပြောဘဲထားတာမျိုးမဟုတ်ပါဘူး ။ ငါပြောတာကိုယုံပေးပါလား ။ ငါ့အတွက်လဲ အရင်လိုပဲအလုပ်တစ်ခုကနေတစ်ခုပြောင်းလိုက်သလိုမျိုးပဲဆိုတော့ မပြောလိုက်မိတာ "

Hey ! You Have To Be My Husband ( Completed  )Donde viven las historias. Descúbrelo ahora