အပိုင်း(၂၆)
Начните с самого начала
'' နည်းနည်း နက်သွားတယ်။ချုပ်မှရမယ်ထင်တယ်။ ဆရာဝန် သွားခေါ်နေရင်ကြာအုံးမှာမို့ မောင် တတ်သလိုအရင် ချုပ်လိုက်မယ်။ လရောင် မောင့်ကို ယုံတယ်မလား ''
သစ်ဦးလိုမြို့အုပ်မင်းတစ်ယောက်အဖို့ ဒဏ်ရာနှင့်မစိမ်းသဖြင့် အရေးပေါ်ကိုယ့်ဘာသာကိုယ်သာ ချုပ်တတ် လုပ်တတ်သဖြင့်ဆေးပစ္စည်းတွေလည်းတော်တော်များများရှိသောကြောင့်လရောင်အား ခွင့်တောင်းလိုက်လေသည်။
လရောင် အလျင်အမြန်ခေါင်းလေးသာ ညိတ်ပြလိုက်တော့ သစ်ဦးမှ လုပ်စရာရှိတာများ ဆက်လုပ်လိုက်လေသည်။
'' အဆင်ပြေသွားမှာပါလေ။ မောင်တတ်သလောက်လေးတော့လုပ်ပေးထားတယ်။ ဆရာဝန်ကို ဆယ်လီဖုန်းဆက်ထားပါတယ်။''
'' ကျေး...ကျေးဇူးတင်ပါတယ်''
ခုအချိန်တွင်တော့ သစ်ဦးကလည်းလရောင်အားဘာမေးခွန်းမှမမေးသလို၊ လရောင်မှလည်း ဖြေပေးဖို့ အင်အားမရှိတာကြောင့် နှစ်ယောက်သား နှုတ်ဆိတ်၍ သာနေလေသည်။
'' အန်တီမိ က မသေသေးဘူးပေါ့ ဟုတ်သလားခင်လေး။ ''
အနားရှိခင်ထွေး၏ စကားကြောင့် လရောင် ဘာမျှပြန်မဖြေနိုင်ဘဲ မျက်ရည်တွေနှင့်သာ ခေါင်းအားအဆက်မပြတ်ညိတ်ပြမိလေသည်။
'' တော်သေးတာပေါ့။ တကယ်တော်သေးတာ''
ခင်ထွေးမှလည်း မျက်ရည်တွေနှင့်သာ လရောင်အားဖက် ၍ ငိုလေတော့သည်။
'' ဆရာ...လွတ်သွားပါတယ်ဆရာ။ ''
ထိုအချိန် ထွန်းတောက်မှရောက်လာပြီးပြောလိုက်သည့် စကားကြောင့် သစ်ဦးမျက်ခုံးတန်းတို့တွန့်ကျုံ့သွားလေသည်။
'' သေချာတယ် ရန်ကုန်ကိုပြန်ရဲမှာမဟုတ်လောက်ဘူး။ ဦးကိုကိုကျော်တို့စခန်းဆီပဲ သွားလောက်တယ်။ ပျောက်သွားနဲ့အနီးနားတစ်ဝိုက်ကိုသေချာစောင့်ကြည့်ထားထွန်းတောက်။ ဒါနဲ့ ဦးတင်ညွန့် သတင်းကရော။ ''
'' လိုက်နေပါတယ်ဆရာ။ ဦးတင်ညွန့် မေမြို့ကိုပြန်ရောက်နေတယ်လို့သတင်းကြားပါတယ်။ ကျုပ်တို့လည်း နေရာတိုင်းမှာ လူချထားပါတယ်။ ''