"ကျွန်တော့်သူငယ်ချင်းပါ မာမီ...မာမီနောက်လိုက်သွားလိုက် Hanna...မင်းကြာရင် ဖျားလိမ့်မယ်..ကိုယ် Han ကို ဖုန်းဆက်ခေါ်ထားလိုက်မယ်"
"မခေါ်နဲ့ Henry...ကျွန်မဒီတိုင်းရှင်နဲ့စကားပြောစရာရှိလို့...အချိန်ရလား"
"အခုတော့မရသေးဘူး...ကားထဲကတစ်ယောက်ကိုချော့ရအုံးမှာမို့..မင်းစောင့်နိုင်ပါ့မလား"
သူမစကားတွေက Henry အတွက်အရေးမကြီးဆိုတာ သိပ်ကိုသိသာနေသေးသည်။ သို့ပင်မဲ့ ပြောချင်စိတ်က များနေခြင်းကြောင့် Henry ကိုခေါင်းငြိမ့်ပြလိုက်ကာဖြင့် လက်ခံလိုက်သည်။
"ထွက်ခဲ့ Taehyung..."
အပြင်က ရှိနေသည့် အမျိုးသမီးနှစ်ယောက်ကပါ ကားထဲက ရှိနေသည့် Taehyung ကို စိတ်ဝင်တစားအာရုံစိုက်နေကြသည်။
"အိမ်ရောက်ပြီ ကားထဲက ထွက်ခဲ့တော့"
"ငါ့ကို မခေါ်နဲ့...လွှတ်ထားစမ်းပါ Jeon Henry ရာ"
"မာမီရောက်နေပြီ...အရမ်းမဂျစ်နဲ့ Taehyung...လာခဲ့ပါ...ဖျားလိမ့်မယ်..."
မာမီနဲ့ ကိုင်ပေါက်မှသာ ဖြည်းဖြည်းချင်း ကားထဲကနေ ထွက်လာပြီး ရှိနေသည့်လူတွေကို တစ်လှည့်စီကြည့်သည်။
"ဘာလို့မင်းကိုစိတ်ဆိုးနေတဲ့အချိန်မှ လူစုံနေရတာလဲ Jeon Henry"
"ကိုယ်ကဘယ်သိမှာလဲ...မာမီပြန်ရောက်နေမှန်းလည်း ကိုယ်မှမသိတာ..."
Jeon Henryရဲ့လက်မောင်းကိုလည်း မသိမသာ ဆွဲဆိတ်သေးသည်။ ထို့နောက် Hanna ကိုမြင်သည်နှင့် Taehyung ရဲ့မျက်လုံးလေးဟာ တည်ငြိမ်သွားလျက် စူးစမ်းသလိုကြည့်သည်။
"ဒေါက်တာ Han နဲ့လက်ထပ်မယ့်သူပါ"
ထိုအခါမှ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဆွဲဆိတ်ခံထားရသည့် လက်မောင်းပေါ် ထပ်ရိုက်သေးသည်။
Jeon Henry သည် Taehyung စိတ်ဆိုးစိတ်ကောက်သည့်အချိန်ကျရင် ရောသမမွှေ ထုရိုက်ခံရတော့တာဘဲ။
ထိုအခါမှ Hanna ကိုနှုတ်ဆက်သလိုလည်း ပြုံးပြလာပြီး Hanna ကလည်း မသိမသာပြုံးပြလာသည်။ ချက်ချင်း Taehyung ကိုကြည့်ပြီး တည်သွားလျက် အကြည့်လည်းလွှဲသွားလိုက်သေးသည်။
Part 21
Start from the beginning