~~~~~~~~~~~~~~~

    ရှောင်းကျန့်ဒီနေ့ဘယ်လိုမှအစဥ်မပြေပေ။ သင်ခန်းစာတေထဲလဲ အာရူံမစိုက်နိုင်သလို၊ ဆရာဘာတေရှင်းပြနေမှန်းလဲမသိပါ။ ပုံဆွဲတော့လဲ ဘယ်လိုမှအဆင်မပြေပါ။ ဒီနေ့ဖို့အတွက် အရာရာဟာခက်ခဲနေခဲ့သည်။ ညကအိပ်ရေးမဝတဲ့အပြင် မနက်ကျောင်းလာချိန်မှာလဲ ရှောင်းကျန့်စိတ်တေမလန်းဆန်းပေ။ ဒီမနက်ဝမ်ရိပေါ်က​ ကျောင်းကိုသူနဲ့အတူမလာပေ။ ဝမ်ချင်းနဲ့ကိစ္စလေးရှိလို့ လိုက်သွားသည်တဲ့။ ဒီနေ့ကျောင်းမတက်တော့ဘူးဟု ဝမ်မားကိုပြောခိုင်းတယ်လို့ပြောသည်။

   ဝမ်ရိပေါ်က တပတ်အတောတွင်းလေးမှာဝမ်ချင်းနဲ့အတော်ရင်းနှီးသွားပုံပင်။ ရင်းနှီးသွားလို့လဲ အရင်ကရှောင်းကျန့်နဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှဘယ်မှမသွားတဲ့ရိပေါ်က ဝမ်ချင်းနဲ့နှစ်ယောက်ထဲသွားတာပေါ့။ ဒီလိုနဲ့ပဲဝမ်ရိပေါ်က သူ့ကိုအနားကနေဖယ်ထုတ်လိုက်တော့မှာလား။ ရှောင်းကျန့်က တစ်ခုခုဆိုအဆုံးထိတွေးတက်သည်။ သူ့ရဲ့အက်အကျင့်ကမကောင်းမှန်း သူသိပါတယ်။ ကိုယ့်ရဲ့စိတ်ကိုဒုက္ခပေးမှန်းသိပေမယ့် ရှောင်းကျန့်ကတော့ အတွေးအမြဲလွန်သည်။ ကိစ္စသေးသေးလေးဆိုရင်တောင် သူကအကြီးကြီးတွေးပစ်တာပင်။ ခုလဲဝမ်ရိပေါ်ကသူ့ကို မနေ့ကမှလတ်လတ်လောလောနမ်းထားပြီး ခုသူ့ကိုပစ်ထားသွားပြီလားလို့တစ်ချိန်လုံးတွေးနေမိတယ်။
   
    ရှောင်းကျန့်တွေးရင်းနဲ့လျှောက်လာသည်မှာ ဘက်စ်ကားမှတ်တိုင်ပင်ရောက်နေပြီ။ ရှောင်းကျန့်တို့နေတဲ့ ​ေကျာင်းက ကားမှတ်တိုင်နဲ့ဝေးတယ်ပြောရမယ်။ ရှောင်းကျန့်ကားစောင့်ရင်း ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေမိသည်။ အရင်ကတော့ ဟိုဟိုဒီဒီမကြည့်ဖြစ် ရိပေါ်နဲ့သာစကားတေရေပတ်မဝင်အောင်ပြောဖြစ်သည်။ ရိပေါ်နဲ့ဆိုသော်လဲ သူကသာပြောတာပင်ရိပေါ်ကတော့နားထောင်ပေးရုံ တစ်ခါတစ်လေမှသာ ပြန်ပြောသည်။ ရှောင်းကျန့်ရဲ့အကြည့်တေက တစ်နေရာအရောက်မှာ ရပ်တန့်သွားရသည်။ ရှောင်းကျန်နဲ့လမ်းဟိုဘက်ဒီဘက်မှာ ရပ်ထားတဲ့ဝမ်ရိပေါ်ရဲ့ဆိုင်ကယ်ကိုလှမ်းမြင်လိုက်ရတာကြောင့်  ဝမ်ရိပေါ်ကဒီနားကိူဘာလာလုပ်တာလဲ။ မဟုတ်မှဝမ်ချင်းနဲ့များလား။

Xiao-ရှောင်းWhere stories live. Discover now